နေပြည်တော် ဧပြီ ၂၅
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ အထက(၂)စောင့်ကြည့်စင်တာတွင် နှာခေါင်းစည်း (၁၀၀)ခု၊ စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များကို လယ်ဝေးမြို့နယ် ပါတီစည်းရုံးရေးတာဝန်ခံ ဦးဇော်အောင်၊ မြို့နယ်ပါတီအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးစိုးငြိမ်း၊ မြို့နယ်၏ပါတီယာယီစည်းရုံးရေးကော်မတီဝင်များက သွားရောက်လှူဒါန်းပေးအပ်ကြောင်း သိရှိရပါသည်။
ထို့အပြင် ကွမ်းခြံကျေးရွာနှင့် ရေအိုးစဉ်ကျေးရွာအဝင်တွင် လမ်းသွားလမ်းလာ ပြည်သူများကို စုစုပေါင်း နှာခေါင်းစည်း(၁၅၀)ခု ဝေငှတပ်ဆင်ပေးကြောင်း သတင်းရရှိသည်။


