နေပြည်တော် ဧပြီ ၂၅ ရက်
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တည်ထောင်မှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်အုပ်စု အတွင်းရှိ သက်ကြီးရွယ်အို အဘိုး၊ အဘွားမိသားစုများအား ဆန်၊ဆီနှင့် ကြက်ဥတို့ကို ပုဗ္ဗသီရိမြို့နယ်စည်းရုံးရေးတာဝန်ခံ ဒေါ်နော်မြတ်သဲပွင့်နှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင် ဦးမျိုးချစ်တို့က ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့သည်။
ထို့အပြင်ကျည်တောင်ကန်အုပ်စု အတွင်းရှိ စေတနာလူမှုကူညီရေးအသင်းနှင့် ပုဗ္ဗတွဲလက်များ လူမှုကူညီရေး အသင်းတို့တွင် အသုံးပြုရန်အတွက်လည်း နှာခေါင်းစည်း(Masks)များ သွားရောက် လှူဒါန်းကြောင်း သတင်းရရှိသည်။

