နေပြည်တော် ဧပြီ ၂၅
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တည်ထောင်မှု တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ရေးစခန်း (Quarantine Center) ၌ ရှေ့တန်းမှ သက်စွန့်ဆံဖျား အပင်အပန်းခံ ကြိုးပမ်းနေကြသည့် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် စောင့်ကြည့်ခံနေကြသူများအတွက် နှာခေါင်းစည်း (Surgical Masks) (၅၀၀)ခု၊ သောက်ရေသန့်ဘူး (၃၀၀)ဘူး နှင့် ကြက်ဥ (၃၀၀)လုံး တို့ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပါတီစည်းရုံးရေးတာဝန်ခံ ဦးမြတ်သိန်းထွန်း၊ ပါတီယာယီစည်းရုံးရေးကော်မတီဝင် ဒေါက်တာချမ်းသာ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ လူငယ်ရေးရာကော်မတီဝင် ဦးမြတ်ထွန်းဝင်းအောင်၊ ဇမ္ဗူသီရိမြို့နယ် ပါတီယာယီစည်းရုံးရေးကော်မတီဝင် ဦးထွေးမောင် တို့က သွားရောက်လှုဒါန်းရာ နေပြည်တော်ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမာလာကြင်က ဝမ်းမြောက်ဝမ်းသာ လက်ခံကြောင်း သတင်းရရှိသည်။

