fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) မြင်းမူမြို့နယ်ရုံးဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကျင်းပ

0

မင်းမူ ဇူလိုင် ၁၃

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏
ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကို
ယနေ့ နံနက် ၉း၀၀ နာရီတွင် မြင်းမူမြို့နယ်၊
စစ်ကိုင်းတိုင်းဒေသကြီး၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ
သူရဦးရွှေမန်းကိုယ်စား ပါတီမှ တာဝန်ရှိသူ ဦးစောလှထွန်းမှ
အဖွင့်အမှာစကားပြောကြားသည်။

မြို့နယ်ပါတီရုံးကို မြို့နယ်ယာယီတာဝန်ခံ ဦးကျော်ဇင်သန့်၊ ဦးဇော်ဇော်၊ ဒေါ်ခင်မာလာ၊ ဒေါ်စိုင်းအောင် နှင့် ဒေါ်သင်းစုလဲ့ရည်တို့မှ ဖွင့်လှစ်ပေးပြီး မြို့နယ်ပါတီ ဆိုင်းဘုတ်ကို မြို့နယ်ယာယီတာဝန်ခံ ဦးဇော်ဝင်းအောင်မှ စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပါသည်။

အဆိုပါအခမ်းအနားသို့ ပါတီမှ တာဝန်ရှိသူ ဦးစောလှထွန်း၊ မြို့နယ်ယာယီတာဝန်ခံ ဦးကျော်ဇင်သန့်၊ ဦးဇော်ဇော်၊ ဒေါ်ခင်မာလာ၊
ဒေါ်စိုင်းအောင်၊ ဒေါ်သင်းစုလဲ့ရည်၊ ဦးဇော်ဝင်းအောင်၊ မြို့မိမြို့ဖများ၊ ပါတီဝင်များနှင့် ပါတီအပေါ်စိတ်ဝင်စား၍ လေ့လာလိုသူများ တက်ရောက်ကြသည်။

မြင်းမူမြို့နယ်ပါတီရုံးကို ကျန်စစ်သားရပ်ကွက်၊
မြင်းမူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင်
ဖွင့်လှစ်ထားကြောင်း သတင်းရရှိပါသည်။

 

Image may contain: 22 people, people standing and outdoor

Share.

About Author

Comments are closed.