fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် မည်သည့်ပါတီ၏ လက်ခွဲမှမဟုတ်ဟု သူရဦးရွှေမန်းပြောကြား

0

ရေဦး ဒီဇင်ဘာ ၁၈

(Unicode)

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစရှိသည့် မည်သည့်ပါတီ၏ လက်ခွဲလည်းမဟုတ်၊ လက်အောက်ခံလည်းမဟုတ်၊ ဆရာလည်းမဟုတ်ပါကြောင်း၊ ကိုယ့်မူ ကိုယ့်လူဖြင့် လွတ်လပ်တက်ကြွစွာ နိုင်ငံ့အရေးကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားသည့် ပါတီဖြစ်ပါကြောင်း၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၏ ဩဇာခံလည်း မဟုတ်သလို ဆရာလည်းမဟုတ်ပါကြောင်း၊ သို့သော်ပါတီ၏ အဓိက မူဝါဒတစ်ခုမှာ “နိုင်ငံတော်နှင့် နိုင်သားများ အကျိုးအတွက် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲပူးပေါင်း ဆောင်ရွက်မည်” ဟူ၍ဖြစ်ပါကြောင်း၊ယင်းမူဝါဒကို တစ်နည်းအားဖြင့် ဆိုရလျှင် “နိုင်ငံတော်နှင့်နိုင်ငံသားအကျိုးစီးပွားကို မဆောင်ရွက်သည့် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့၊ မည်သည့်ပုဂ္ဂိုလ်နှင့်မျှ လက်တွဲပူးပေါင်းမည် မဟုတ်” ဟူ၍အဓိပ္ပာယ်ရပါကြောင်း၊ ခင်ဦးနှင့်ရေဦးမြို့နယ်တို့မှ ပါတီယာယီစည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံစဉ် သူရဦးရွှေမန်း က ပြောကြားသည်။

ဒေသအတွင်းရှိ ပြည်သူလူထုအကြားတွင် အချို့က ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် ယခင်အာဏာရပါတီက အတွင်းကြိတ်ပုံစံဖြင့် ဖွဲ့စည်းထားသည့် လက်ဝေခံပါတီတစ်ခုလိုလို၊ လက်ရှိအာဏာရပါတီ၏ လက်ဝေခံလိုလိုဖြင့် ပြည်သူများ သို့လောသို့လော ဖြစ်စေရန် ပြောဆိုမှုများ ရှိနေသည့်အတွက် ပါတီ၏ခေါင်းဆောင် အနေဖြင့် ရှင်းရှင်းလင်းလင်း ဖြေကြားပေးစေလိုပါကြောင်း ဒေသခံပါတီဝင်တစ်ဦး၏ မေးမြန်းမှုကို သူရဦးရွှေမန်းက ရှင်းလင်းဖြေကြားခြင်း ဖြစ်သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့၊ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် ခင်ဦးနှင့်ရေဦးမြို့နယ်တို့ရှိ ပါတီယာယီစည်းရုံးရေးတာဝန်ခံများအား သီးခြားစီတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးစောလှထွန်း၊ မြို့နယ်ပါတီယာယီစည်းရုံးရေးတာဝန်ခံများ၊ မြို့နယ်ပါတီယာယီစည်ရုံးရေးကော်မတီဝင်များ တက်ရောက်ကြသည်။

(Zawgyi)

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီသည္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္၊ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳူးေရးပါတီ အစရိွသၫ့္ မည္သၫ့္ပါတီ၏ လက္ခြဲလည္းမဟုတ္၊ လက္ေအာက္ခံလည္းမဟုတ္၊ ဆရာလည္းမဟုတ္ပါေၾကာင္း၊ ကိုယ့္မူ ကိုယ့္လူျဖင့္ လြတ္လပ္တက္ႂကြစြာ ႏိုင္ငံ့အေရးကိစၥရပ္မ်ားကို ေဆာင္ရြက္ႏိုင္ရန္ ဖြဲ႔စည္းထားသၫ့္ ပါတီျဖစ္ပါေၾကာင္း၊ မည္သၫ့္ပုဂၢိုလ္၊ မည္သၫ့္အဖြဲ႔အစည္း၏ ဩဇာခံလည္း မဟုတ္သလို ဆရာလည္းမဟုတ္ပါေၾကာင္း၊ သို႔ေသာ္ပါတီ၏ အဓိက မူဝါဒတစ္ခုမွာ “ႏိုင္ငံေတာ္ႏွင့္ ႏိုင္သားမ်ား အက်ိဳးအတြက္ မည္သၫ့္ပါတီ၊ မည္သၫ့္အဖြဲ႔အစည္းႏွင့္မဆို လက္တြဲပူးေပါင္း ေဆာင္ရြက္မည္” ဟူ၍ျဖစ္ပါေၾကာင္း၊ယင္းမူဝါဒကို တစ္နည္းအားျဖင့္ ဆိုရလ်ွင္ “ႏိုင္ငံေတာ္ႏွင့္ႏိုင္ငံသားအက်ိဳးစီးပြားကို မေဆာင္ရြက္သၫ့္ မည္သၫ့္ပါတီ၊ မည္သၫ့္အဖြဲ႔၊ မည္သၫ့္ပုဂၢိုဳလ္ႏွင့္မ်ွ လက္တြဲပူးေပါင္းမည္ မဟုတ္” ဟူ၍အဓိပၸာယ္ရပါေၾကာင္း၊ ခင္ဦးႏွင့္ေရဦးၿမိဳ႔နယ္တို႔မွ ပါတီယာယီစည္းရံုးေရးေကာ္မတီဝင္မ်ားႏွင့္ ေတြ့ဆံုစဉ္ သူရဦးေရႊမန္း က ေျပာၾကားသည္။

ေဒသအတြင္းရိွ ျပည္သူလူထုအၾကားတြင္ အခ်ိဳ႕က ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီသည္ ယခင္အာဏာရပါတီက အတြင္းႀကိတ္ပံုစံျဖင့္ ဖြဲ႔စည္းထားသၫ့္ လက္ေဝခံပါတီတစ္ခုလိုလို၊ လက္ရိွအာဏာရပါတီ၏ လက္ေဝခံလိုလိုျဖင့္ ျပည္သူမ်ား သို႔ေလာသို႔ေလာ ျဖစ္ေစရန္ ေျပာဆိုမႈမ်ား ရိွေနသၫ့္အတြက္ ပါတီ၏ေခါင္းေဆာင္ အေနျဖင့္ ရွင္းရွင္းလင္းလင္း ေျဖၾကားေပးေစလိုပါေၾကာင္း ေဒသခံပါတီဝင္တစ္ဦး၏ ေမးျမန္းမႈကို သူရဦးေရႊမန္းက ရွင္းလင္းေျဖၾကားျခင္း ျဖစ္သည္။

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီေခါင္းေဆာင္ သူရဦးေရႊမန္းသည္ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၁၈ ရက္ေန့၊ နံနက္ပိုင္းႏွင့္ ေန့လယ္ပိုင္းတို႔တြင္ ခင္ဦးႏွင့္ေရဦးၿမိဳ႔နယ္တို႔ရိွ ပါတီယာယီစည္းရံုးေရးတာဝန္ခံမ်ားအား သီးျခားစီေတြ့ဆံုသည္။ အဆိုပါေတြ့ဆံုပြဲသို႔ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၊ စစ္ကိုင္းတိုင္းေဒသႀကီးတာဝန္ခံ ဦးေစာလွထြန္း၊ ၿမိဳ႔နယ္ပါတီယာယီစည္းရံုးေရးတာဝန္ခံမ်ား၊ ၿမိဳ႔နယ္ပါတီယာယီစည္ရံုးေရးေကာ္မတီဝင္မ်ား တက္ေရာက္ၾကသည္။

Share.

About Author

Comments are closed.