ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ
ပုဇွန်တောင်မြို့နယ်ရုံး ဖွင့်လှစ်ခြင်းနှင့်
ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကျင်းပ
×××××××××××××××××××××××××××
ပုဇွန်တောင် သြဂုတ် ၁၈
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏
ပုဇွန်တောင်မြို့နယ်ရုံးဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်း
အခမ်းအနားကို ယနေ့ နံနက် ၉းဝ၀ နာရီတွင်
ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်၌
ကျင်းပပြုလုပ်သည်။
ပုဇွန်တောင်မြို့နယ်ရုံးနှင့် ဆိုင်းဘုတ်ကို
ပါတီမှ တာဝန်ရှိသူ ဦးတင်မောင်ဦး၊ ဒေါ်စုစုလှိုင်၊
ဒေါက်တာဝင်းခိုင်၊ မြို့နယ်ယာယီတာဝန်ခံ ဦးခင်မောင်ထွေးတို့က
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
အဆိုပါအခမ်းအနားသို့ ပါတီမှ တာဝန်ရှိသူ ဦးတင်မောင်ဦး၊
ဒေါ်စုစုလှိုင်၊ ဒေါက်တာဝင်းခိုင်၊ မြို့နယ်ယာယီတာဝန်ခံ
ဦးခင်မောင်ထွေ၊ မြို့မိမြို့ဖများ၊ ပါတီဝင်များ၊ ပါတီအပေါ်
စိတ်ဝင်စား၍ လေ့လာသူများ တက်ရောက်ကြသည်။
ပုဇွန်တောင်မြို့နယ်ရုံးကို အမှတ်(၃၅၉)၊
အောက်ပုဇွန်တောင်လမ်းမကြီး၊ ပုဇွန်တောင်မြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီးတွင် ဖွင့်လှစ်ထားရှိကြောင်း
သတင်းရရှိပါသည်။
#UBP
(Zawgyi Version)
×××××××××××××××××××××××××××
ပုဇွန်တောင် သြဂုတ် ၁၈
ကျင်းပပြုလုပ်သည်။
သတင်းရရှိပါသည်။