ထားဝယ် ဇွန် ၁၁
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ တနင်္သာရီတိုင်းဒေသကြီးပါတီရုံးဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ကျင်းပပြုလုပ်သည်။
တိုင်းဒေသကြီးပါတီဆိုင်းဘုတ်ကို ပါတီခေါင်းဆောင် သူရဦးရွှေမန်းက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးပါတီရုံးကို ပါတီမှတာဝန်ရှိသူ ဦးဝင်းဦးနှင့် မြို့နယ်ယာယီစည်းရုံးရေးကော်မတီဝင် ဦးသိန်းဝင်း၊ ဦးစစ်ကြည်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။ အဆိုပါအခမ်းအနားသို့ ပါတီခေါင်းဆောင် သူရဦးရွှေမန်းနှင့် ပါတီမှတာဝန်ရှိသူ ဦးဝင်းဦး၊ မြို့မိမြို့ဖများ၊ ပါတီဝင်များ၊ ပါတီကိုစိတ်ဝင်စား၍ လေ့လာသူများ တက်ရောက်ကြသည်။
တနင်္သာရီတိုင်းဒေသကြီးပါတီရုံးကို အမှတ် ၁၆၇၊ ကမြောကင်းလမ်း၊ လွှတ်တော်ရုံးကြီးရှေ့၊ ထားဝယ်မြို့၌ ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိပါသည်။