fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ မွန်ပြည်နယ်ရုံးဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကျင်းပ

0

ဘီးလင်း ဇွန် ၈ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ မွန်ပြည်နယ်ပါတီရုံးဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့၌ ကျင်းပပြုလုပ်သည်။

ပြည်နယ်ရုံးကို ပါတီခေါင်းဆောင် သူရဦးရွှေမန်းက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ အဆိုပါအခမ်းအနားသို့ ပါတီခေါင်းဆောင် သူရဦးရွှေမန်းနှင့် ပါတီမှတာဝန်ရှိသူ ဒေါက်တာစိုးမိုးအောင်၊ မြို့မိမြို့ဖများ၊ ပါတီဝင်များ၊ ပါတီကိုစိတ်ဝင်စား၍ လေ့လာသူများ တက်ရောက်ကြသည်။ မွန်ပြည်နယ်ပါတီရုံးကို အမှတ်(၃/၄)၊ အရှေ့မဟာဘောဂလမ်း၊ ဘိုးရာဇာရပ်ကွက်၊ ဘီးလင်းမြို့၌ ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိပါသည်။

Share.

About Author

Leave A Reply