မြောင် ဇွန် ၆
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ မြောင်မြို့နယ်ပါတီရုံးဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊မြောင်မြို့နယ်၊ နဘက်ကျေးရွာ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ ပါတီမှတာဝန်ရှိသူ ဦးစောလှထွန်းနှင့် မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များ၊ ပါတီမိတ်ဆွေများ၊ကျေးရွာအုပ်စုအသီးသီးမှခေါင်းဆောင်များ၊ ပါတီကိုစိတ်ဝင်စား၍ လေ့လာသူများ တက်ရောက်ကြသည်။ မြောင်မြို့နယ်ပါတီရုံးကို မြောင်မြို့နယ်၊ နဘက်ကျေးရွာ၌ ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိပါသည်။