fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ အုတ်ဖိုမြို့နယ်ရုံးဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကျင်းပ

0

အုတ်ဖို ဇွန် ၅
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ အုတ်ဖိုမြို့နယ်ပါတီရုံးဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၌ ကျင်းပပြုလုပ်သည်။

မြို့နယ်ရုံးကို ပါတီမှတာဝန်ရှိသူ ဦးမြင့်ထွန်းက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။ အဆိုပါအခမ်းအနားသို့ ပါတီမှတာဝန်ရှိသူ ဦးမြင့်ထွန်းနှင့် မြို့မိမြို့ဖများ၊ ပါတီဝင်များ၊ ပါတီအပေါ် စိတ်ဝင်စား၍ လေ့လာသူများ တက်ရောက်ကြသည်။ အုတ်ဖိုမြို့နယ်ပါတီရုံးကို အိမ်အမှတ်(၉၉)၊ ရန်ကုန်-ပြည်လမ်း၊ ရွှေပြည်အေးရပ်ကွက်၊ အုတ်ဖိုမြို့၌ ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိပါသည်။

Share.

About Author

Leave A Reply