fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဇီးကုန်းမြို့နယ်ရုံးဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကျင်းပ

0

ဇီးကုန်း ဇွန် ၅
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ဇီးကုန်းမြို့နယ်ပါတီရုံးဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့၌ ကျင်းပပြုလုပ်သည်။ မြို့နယ်ရုံးကို ပါတီမှတာဝန်ရှိသူ ဦးမြင့်ထွန်းက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

အဆိုပါအခမ်းအနားသို့ ပါတီမှတာဝန်ရှိသူ ဦးမြင့်ထွန်းနှင့် မြို့မိမြို့ဖများ၊ ပါတီဝင်များ၊ ပါတီအပေါ် စိတ်ဝင်စား၍ လေ့လာသူများ တက်ရောက်ကြသည်။ ဇီးကုန်းမြို့နယ်ပါတီရုံးကို အိမ်အမှတ်(၉၂)၊ မြရတနာလမ်း၊ အမှတ်(၁)ရပ်ကွက်၊ ဇီးကုန်းမြို့၌ ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိပါသည်။

Share.

About Author

Leave A Reply