fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ပေါက်ခေါင်းမြို့နယ်ရုံးဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကျင်းပ

0

ပေါက်ခေါင်း ဇွန် ၄
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ပေါက်ခေါင်းမြို့နယ်ပါတီရုံးဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၄ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့၌ ကျင်းပပြုလုပ်သည်။

မြို့နယ်ရုံးကို ပါတီမှတာဝန်ရှိသူ ဦးမြင့်ထွန်းနှင့် ဦးလှသိန်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။ အဆိုပါအခမ်းအနားသို့ ပါတီမှတာဝန်ရှိသူ ဦးမြင့်ထွန်းနှင့် မြို့မိမြို့ဖများ၊ ပါတီဝင်များ၊ ပါတီအပေါ် စိတ်ဝင်စား၍ လေ့လာသူများ တက်ရောက်ကြသည်။ ပေါက်ခေါင်းမြို့နယ်ပါတီရုံးကို အိမ်အမှတ်(၂/၃၈)၊ ပြည်-တောင်ငူလမ်း၊ အမှတ်(၂)ရပ်ကွက်၊ ပေါက်ခေါင်းမြို့၌ ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိပါသည်။

Share.

About Author

Leave A Reply