fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ယင်းမာပင်မြို့နယ်ရုံး ဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကျင်းပ

0

ယင်းမာပင် ဇွန် ၁

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ယင်းမာပင်မြို့နယ်ပါတီရုံးဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့၌
ကျင်းပပြုလုပ်သည်။

မြို့နယ်ရုံးကို မြို့မိမြို့ဖများဖြစ်ကြသည့် ဦးမောင်မောင်၊ ဦးကြည်၊ ဦးသန်းစိန်၊ မြို့နယ်ပါတီယာယီစည်းရုံးရေးကော်မတီဝင်
ဦးတင်အောင်ဦးနှင့် ဦးဖိုးသန်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ပါတီဆိုင်းဘုတ်အား မြို့နယ်ပါတီယာယီစည်းရုံးရေးကော်မတီ၏
ခေါင်းဆောင် ဦးမြင့်အောင်က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
အဆိုပါအခမ်းအနားသို့ ပါတီမှတာဝန်ရှိသူ ဦးစောလှထွန်းနှင့်
မြို့မိမြို့ဖများ၊ ပါတီဝင်များ၊ ပါတီအပေါ် စိတ်ဝင်စား၍ လေ့လာသူများ တက်ရောက်ကြသည်။
ယင်းမာပင်မြို့နယ်ပါတီရုံးကို အိမ်အမှတ်(၁)၊ ဒေါနလမ်း၊
(ဂ)တိုးချဲ့ရပ်ကွက်၌ ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိပါသည်။

Share.

About Author

Leave A Reply