fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ ကျင်းပ

0

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနား ကို ၁၃-၀၅-၂၀၁၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ပါတီရုံးချုပ်၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ခေါင်းဆောင် သူရဦးရွှေမန်းက နိုင်ငံတော်နှင့်ပြည်သူများအကျိုးကို ဆောင်ရွက်လိုသည့်ပုဂ္ဂိုလ်များကို ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီတွင် ပါဝင်စေချင်သည်ဟု ပြောကြားသည်။
“လူတစ်စုအတွက်၊ ကျွန်တော့်အတွက် ပါတီတည်ထောင်ခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံတော်နှင့် ပြည်သူများအကျိုးအတွက် တည်ထောင်ခြင်း ဖြစ်၍ နိုင်ငံနဲ့ပြည်သူများအကျိုး ဆောင်ရွက်လိုသူ အရည်အချင်းရှိသူတွေကို ပါဝင်စေလိုပါတယ်”ဟု အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ဆက်လက်ပြီး မိမိတို့ပါတီအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူများအကျိုးဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးများတွင် ပါဝင်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း၊ ပါတီဝင်များအနေဖြင့် နိုးကြား တက်ကြွစွာ
ပူးပေါင်းပါဝင်လုပ်ဆောင်ကြရန်နှင့် ပြည်သူများအနေဖြင့် မိမိတို့ပါတီအား ယုံကြည် စိတ်ချစွာ တာဝန်ပေးနိုင်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်း၊ ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဇေယျာသီရိ မြို့နယ်အပါအဝင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်) မြို့နယ် များမှ ပါတီကိုစိတ်ဝင်စား၍ လေ့လာသူများ တက်ရောက်ကြသည်။

Share.

About Author

Leave A Reply