fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရုံးဖွင့်ပွဲအခမ်းအနားကျင်းပ

0

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရုံးဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် မေလ ၁၆ ရက် နံနက် ၈ နာရီတွင် အမှတ် ၆၈၊ ရွှေဝတ်မှုံလမ်း၊ ပုသိမ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ခေါင်းဆောင် သူရဦးရွှေမန်း၊ ပါတီမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ပုသိမ်၊ သာပေါင်း၊ ရေကြည်၊ ကျောင်းကုန်း၊ ကျုံပျော်၊ ကန်ကြီးထောာင့်နှင့် ငပုတောမြို့နယ်တို့မှ ရပ်မိ၊ ရပ်ဖများ၊ လူမှုအဖွဲ့အစည်းများ၊ ပါတီဝင်အဖြစ် အဆိုပြုထားသူများ၊ ပါတီအားလေ့လာလိုသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ ပါတီခေါင်းဆောင်သူရဦးရွှေမန်းက အဖွင့်အမှာစကားပြောကြားပြီး သူရဦးရွှေမန်း၊ ဦးအေးဟန်နှင့ မြို့နယ် ၇ မြို့နယ်မှ လူငယ်များက တိုင်းဒေသကြီးပါတီရုံး ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ ပါတီတာဝန်ရှိပုဂ္ဂိုလ်များဖြစ်ကြသည့် ဦးသိန်းဝင်း၊ ဒေါက်တာအောင်ကြည်ဆွေနှင့် ဦးတင်မောင်ဝင်းတို့က တိုင်းဒေသကြီးပါတီရုံးကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။

Share.

About Author

Leave A Reply