fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ပဲခူးတိုင်းဒေသကြီး ပါတီရုံးဖွင့်ပွဲအခမ်းအနား

0

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ပဲခူးတိုင်းဒေသကြီး ပါတီရုံးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် ယင်းရုံးတည်ရှိရာ အမှတ် ၁၉၄/၁၉၅ ဟင်္သာလမ်း ရှင်စောပုရပ်ကွက် ပဲခူးမြို့တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းနှင့် ပါတီမှ တာဝန်ရှပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖများ၊ လူမှုအဖွဲ့အစည်းများ၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း ၁၄ မြို့နယ်မှ ပါတီဝင်အဆိုပြုလွှာပေးအပ်ထားသည့် မြို့နယ်ကိုယ်စားလှယ်များ၊ ပါတီအား စိတ်ဝင်စားသဖြင့် လေ့လာသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းက တိုင်းဒေသကြီးပါတီဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ပါတီ၏ဒုတိယခေါင်းဆောင် ဦးဘုန်းဆွေနှင့် ဦးကျော်စန်း ၊ ဦးထွန်းမြင့် ၊ ဦးဝင်းသိန်းတို့က ပါတီရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပါတီခေါင်းဆောင်နှင့် ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များသည် အခမ်းအနားတက်ရောက်လာသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

Share.

About Author

Leave A Reply