fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

“ပိုပြီးကောင်းအောင် ပြောင်းကြမယ်”

0

“ပိုပြီးကောင်းအောင် ပြောင်းကြမယ်”
+++++++++++++++++++++++

ကောင်းကျိုးဆောင်ပါတီ(UBP) သည်
ပြည်သူများက တာဝန်ပေးအပ်လျင် နိုင်ငံကို –

၁။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်မည်။ 📌

၂။ ပြည်သူတစ်ဦးချင်းစီနှင့် နိုင်ငံ၏ စီးပွားရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မည်။
စားဝတ်နေရေး အခြေအနေများ
ပိုမိုအဆင်ပြေအောင် ကြိုးပမ်းဆောင်ရွက်ပေးမည်။ 📌

၃။ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု စသည့် လူမှုရေးကဏ္ဍများကို စနစ်တကျ ဟန်ချက်ညီညီ
တိုးတက်အောင် ဆောင်ရွက်မည်။ 📌

၄။ သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်တို့ သဟဇာတဖြစ်အောင် ထိန်းသိမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်မည်။ 📌

၅။ နိုင်ငံနှင့်ဆီလျော်လိုက်ဖက်သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ် လာရေးနှင့် ဥပဒေအရပ်ရပ်ကို ခေတ်ကာလနှင့် လျော်ညီသော ဥပဒေများ ဖြစ်လာစေရန် ပြင်ဆင်ခြင်း၊ ပါယ်ဖျက်ခြင်း၊ အသစ်ပြဌာန်းခြင်းများ ပြုလုပ်သွားမည်။ 📌

၆။ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားမျှတရေး၊ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များ ကောင်းမွန်တိုးတက်စေပြီး ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်း ဆောင်ရွက်မည်။📌

၇။ ပြည်သူလူထုတွေ့ကြုံဆောင်ရွက်နေရသည့် လုပ်ငန်းကဏ္ဍတိုင်းတွင် လွယ်ကူချောမွေ့ အဆင်ပြေစွာ ဆောင်ရွက်သွားနိုင်ရန် စံပြုလုပ်ထုံး လုပ်နည်း (SOP) များဖြစ်ပေါ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းအချက်အလက်စနစ် ထိရောက်မှန်ကန်မြန်ဆန်စွာ အသုံးပြု နိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်။ 📌

(ကောက်နှုတ်ဖော်ပြချက်)

သူရဦးရွှေမန်း
ဥက္ကဋ္ဌ
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ
Union Betterment Party
၂၀၂၀ခုနှစ် ဩဂုတ်လ (၈) ရက် နံနက် (၉)နာရီ (၃၅) မိနစ်

Share.

About Author

Comments are closed.