fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ပါတီအမှတ်တံဆိပ်

ပါတီ၏အမည်

ပါတီ၏အမည်သည် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UNION BETTERMENT PARTY – UBP) ဖြစ်သည်။

ပါတီ၏အလံ
(က) ပါတီ၏အလံတွင် ခြောက်ထောင့်ကြယ်၏ အဓိပ္ပါယ်မှာ ဦးဆောင်လမ်းညွှန်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ဇွဲလုံ့လဝီရိယရှိခြင်း၊  ကြင်နာခြင်း၊ ညီညွတ်ခြင်းနှင့် မြင့်မြတ်ခြင်းဟူသော အချက် (၆) ချက်ကို ဖော်ညွန်းသည်။

(ခ) ပါတီအလံ၏ အလယ်ဗဟိုမှ ကြယ်ကြီးသည် ပြည်ထောင်စုကြီးကို ကိုယ်စားပြု၍ ယင်းကြယ်ကြီးကို ဝန်းရံထားသော ကြယ်ငယ် (၈) လုံးသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း အတူတကွပေါင်းစည်း နေထိုင်ကြသော လူမျိုးစုကြီး (၈) ခု ဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း တို့ကို ကိုယ်စားပြုပြီး ပြည်ထောင်စုကြီးအား ဝန်းရံလျက်ရှိခြင်းကို ဖော်ညွှန်းသည်။

(ဂ) ပါတီ၏ အလံတွင် ဖော်ပြပါရှိသည့် အရောင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁ – အဝါရောင်သည် စည်းလုံးညီညွတ်ခြင်း၊ ဉာဏ်ပညာကြီးမြတ်ခြင်းနှင့် သာယာဝပြောခြင်းတို့ကို ဖော်ညွှန်းသည်။
၂ – အနီရောင်သည် ရဲရင့်ခြင်း၊ ပြတ်သားခြင်းနှင့် ချစ်ခင်ခြင်းတို့ကို ဖော်ညွှန်းသည်။
၃ -အနက်ရောင်သည် ကြံ့ခိုင်ခြင်း၊ စွမ်းရည်ရှိခြင်းနှင့် အောင်နိုင်ခြင်းတို့ကို ဖော်ညွှန်းသည်။

(ဃ) ပါတီအလံ၏ ဖွဲ့စည်းမှုမှာ အဝါရောင်အောက်ခံပေါ်တွင် အလံ၏အလယ်ဗဟို၌ အနက်ရောင်အနားကွပ်ထားသည့် အနီရောင်ခြောက်ထောင့်ကြယ်ကြီးရှိပြီး ယင်းကြယ်ကြီးကို ဗဟိုပြု၍ အနက်ရောင်ကွပ်ထားသည့် အရွယ်တူ အနီရောင်ခြောက်ထောင့်ကြယ်ငယ် (၈) လုံးက ဝန်းရံတည်ရှိသည်။

(င) ပါတီအလံ၏ စံပြုအရွယ်အစားသည် အလျား ၉ ပေ၊ အနံ ၆ ပေ၊( အချိုးအစားအားဖြင့် ၁ : ဝ.၆၇ ရှိသည့်) ထောင့်မှန်စတုဂံ ပုံသဏ္ဍာန်ဖြစ်သည်။ ပါတီ၏ အလံအရွယ်အစားအကြီးအသေးပြုလုပ်ရာတွင် ဖော်ပြပါ အချိုးအစားတိုင်း ကိုက်ညီရမည်။ ပါတီတံဆိပ်သည် ပါတီအလံ၏ အချိုးအစားအတိုင်း ၁ : ဝ.၆၇ ရှိသည့် ထောင့်မှန်စတုဂံ ပုံသဏ္ဍာန်ဖြစ်ပြီး ပါတီအလံ၏ အရောင်အသွေးနှင့် ဖွဲ့စည်းပါဝင်မှုအတိုင်း ဖြစ်သည်။ အဝါရောင်အောက်ခံတံဆိပ်၏ အလယ်ဗဟိုအထက်နား၌ အနက်ရောင်အနားကွပ်ထားသော အနီရောင် ခြောက်ထောင့်ကြယ်ကြီးရှိသည်။ ယင်းကြယ်ကြီးကို ယင်းနှင့်ပုံစံတူ၊ အရောင်အသွေးတူ ကြယ်ငယ် (၈) လုံးက ဝန်းရံထားသည်။ ကြယ်ကြီး၏ အလယ်တွင် ပါတီ၏ အင်္ဂလိပ်အမည် “UNION BETTERMENT PARTY” မှ ထိပ်ဆုံးအက္ခရာများဖြစ်သည့် “UBP” ဟူသော အဝါရောင်စာသားပါရှိ၍ တံဆိပ်၏အလယ်အောက်တွင် “ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ” ဟူသော အနက်ရောင်စာသား ဖော်ပြပါရှိသည်။ တံဆိပ်ကို အနက်ရောင်ဖြင့် အနားကွပ်ထားသည်။