fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ သိကောင်းစရာ အကျဉ်းချုပ်

ပါတီ၏ နိုင်ငံရေးဝါဒသဘောတရား

(က) မြန်မာနိုင်ငံနှင့် ဆီလျော်လိုက်ဖက်သော ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေးနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးများ ရရှိရေး၊

(ခ) လွတ်လပ်၍ တရားမျှတမှုရှိသော ဈေးကွက်စီးပွားရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေး၊

(ဂ) တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေးကိုဖြစ်စေသော တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ခွင့်တူညီမျှခြင်းတို့ကို ရရှိစေရေး၊

(ဂ) ပြည်ထောင်စုတစ်ဝန်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံတော်နှင့် ပြည်သူတို့၏ ဂုဏ်သိက္ခာမြင့်မားရေး၊

(င) ကုလသမဂ္ဂပဋိညာဉ် စာတမ်းနှင့်အညီလူ့အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်များကို လေးစားလိုက်နာပြီး ကမ္ဘာ့နိုင်ငံများအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ လက်တွဲပူးပေါင်းဆောင်ရွက်ရေး။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ရည်ရွယ်ချက်

နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရန်

ပြည်သူတို့၏ လွတ်လပ်မှုနှင့် ဘဝလုံခြုံရေး၊ လူမှုစီးပွား ဘဝလုံခြုံရေး ခံစားရရှိစေရန်

ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အားပေးမြှင့်တင်ရန်

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ရည်မှန်းချက်

(က) နိုင်ငံတော်အတွက် ရည်မှန်းချက်များ

၁။ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရမည်။

၂။ ဒီမိုကရေစီစနစ် ထူထောင်ရမည်။

၃။ တိုင်းရင်းသား သွေးစည်းညီညွတ်ရေး ရှိရမည်။

၄။ တောင့်တင်းခိုင်မာသော စီးပွားရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်ရမည်။

၅။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရမည်။

(ခ) ပြည်သူအတွက် ရည်မှန်းချက်များ

၁။ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူတို့၏ဘဝ တည်ငြိမ်အေးချမ်းရေးရရှိရန် ဆောင်ရွက်ရမည်။

၂။ ပြည်သူတို့၏ စီးပွားရေးကောင်းမွန်ပြီး နိုင်ငံတော်၏ စီးပွားရေးဖြစ်ထွန်း ပေါ်ပေါက်မှုနှင့်အတူ ဟန်ချက်ညီ လိုက်ပါနိုင်ရမည်။

၃။ ပြည်သူတို့၏ စားဝတ်နေရေး ရပ်တည်နိုင်မှုနှင့် လူမှုစီးပွားဘ၀ လုံခြုံမှု ရရှိစေရမည်။

၄။ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ခွင့်တူညီမျှခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ကို ရရှိခံစားစေရမည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ယုံကြည်ချက်

ကျွန်ုပ်တို့သည် ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် လိုအပ်ချက်များကို စိတ်ကောင်းစေတနာမှန်ဖြင့် နိုးကြားတက်ကြွစွာ ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မည်ဟု ယုံကြည်သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ခံယူချက်

ကျွန်ုပ်တို့သည် နိုင်ငံတော်နှင့် ပြည်သူလူထု၏ ကောင်းကျိုးကို ဆောင်ရွက်ရန် ပေါ်ပေါက်လာသော
ပါတီနှင့် ပါတီဝင်များဖြစ်သောကြောင့် ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များ အောင်မြင်စေရန် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ခွန်အားနှင့် စွမ်းအားရှိသမျှ ဖော်ထုတ်လုပ်ဆောင်ကြရမည်ဟု ခံယူသည်။