fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ပါတီတည်ထောင်ရခြင်းအကြောင်း သူရဦးရွှေမန်း ရှင်းလင်းပြောကြား

0

(Unicode)

အုတ်တွင်း နိုဝင်ဘာ ၁၄

“ကျွန်တော့်အသက်က ၇၁ နှစ်ရှိပါပြီ။ ဒီအသက်အရွယ်မှာ ပြည်ထောင်စုတစ်ဝန်းလုံးမှာစည်းရုံးဆောင်ရွက်မယ့် ပါတီတစ်ရပ် တည်ထောင်ဖို့ အသက်အရွယ်ကြီးသွားပါပြီ။ သို့သော် အခြေအနေက တောင်းဆိုနေပါတယ်။ လုပ်မယ့်သူရှိရင်၊ လုပ်နိုင်တဲ့သူရှိရင် ကျွန်တော်တို့ ဘာမှလုပ်စရာမလိုတော့ဘူး။ ထိုင်ပြီးတော့ လိုအပ်တဲ့ အကြံဉာဏ်နဲ့ အကူအညီလောက်ပဲ ပေးရမှာဖြစ်တယ်။”

“ဒီနေ့ ဒီအခြေအနေကို ကြည့်လိုက်တဲ့ အခါမှာ ကျွန်တော်တို့ကိုယ်တိုင် ဝင်ပြီးတော့ လုပ်မှပဲပိုပြီးတော့ထိရောက်မယ်။ ဒါကြောင့်မိုလို့ ကိုယ့်ကိုယ်ကို ပြောပါတယ်။ မင်းမှာအတွေ့အကြုံတွေ ရှိနေတယ်။ မင်းအလုပ်တွေ လုပ်နိုင်သေးတယ်။ ပြည်သူကို မင်းစေတနာရှိရင် အလုပ်အကျွေးပြုနိုင်သေးတယ် ဆိုပြီးတော့ဖြစ်ပါတယ်။ ဒီလိုနဲ့ ပါတီတစ်ရပ်ကို ကျွန်တော်ခေါင်းဆောင်ပြီးတော့ တည်ထောင်တာ ဖြစ်ပါတယ်။”

“ပြည်ထောင်စုတစ်ဝန်းလုံးမှာစည်းရုံးဆောင်ရွက်မယ့်ပါတီတစ်ရပ် တည်ထောင်တယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ တည်ထောင်တဲ့အခါမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတွေကိုလည်း ကျွန်တော် မျှော်မှန်းပြီးသားပါ။ သာမန်အခက်အခဲကတော့ လူတွေရှာဖို့။ လူတွေရှာပြီးတဲ့အချိန်မှာ သုံးစွဲရမယ့် ငွေကြေး။ ဒီထက်ပိုမိုကြီးမားတဲ့ အခက်အခဲကတော့ အကြောင်းအမျိုးမျိုးနဲ့ ကျွန်တော်တို့ကို ဒုက္ခပေးလာနိုင်တာမျိုးတွေလည်း ကြုံလာနိုင်ပါတယ်။”

“သို့ရာတွင် အဲဒါတွေကို ကြောက်နေမယ်။ အဲဒါတွေကို တွေးပြီးပူပန်နေမယ်ဆိုရင် မဖြစ်ပါဘူး။ နိုင်ငံကို ချစ်တယ်၊ ပြည်သူ့အတွက်အလုပ်ကျွေးပြုချင်တယ် ဆိုတဲ့သူတစ်ယောက်ဟာ ဒီကိစ္စမျိုးတွေကို ကြောက်နေမယ်၊ တွေဝေနေမယ်ဆိုရင် မဖြစ်ပါဘူး။”

“တကယ်တော့ လူဟာ တစ်နေ့ သေရမှာပါ။ သေတဲ့အခါ ကိုယ်စုဆောင်းထဲ့ ပစ္စည်းတွေလည်း ကိုယ့်နောက်မပါပါဘူး။ ကိုယ့်ရဲ့ အတွေ့အကြုံတွေကိုလည်း ဒီအတိုင်းပဲ ထားခဲ့ရမှာပဲ။ မသေခင်၊ ကျန်းမာသရွေ့ ကိုယ့်မှာရှိတဲ့ ပစ္စည်း၊ အတွေ့အကြုံတွေကို အခြေခံပြီးတော့ စိတ်စေတနာမှန်နဲ့ အလုပ်အကျွေးပြုရမယ်ဆိုတဲ့ ယုံကြည်ချက် ခံယူချက်နဲ့ ကျွန်တော်ဒီပါတီကို တည်ထောင်တာပါ”
ဟု အုတ်တွင်းမြို့ ပြည်သူများနှင့် တွေ့ဆုံစဉ် သူရဦးရွှေမန်းက ရှင်းလင်းပြောကြားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် နှင့် အုတ်တွင်းမြို့နယ်တို့ရှိ မြို့မိမြို့ဖများဝ ပါတီစည်းရုံးရေးကော်မတီများ၊ ပါတီဝင်များနှင့် ပါတီအားစိတ်ဝင်စားသူများကို ယနေ့ သီးခြားစီတွေ့ဆုံ၍ ပါတီနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

(Zawgyi)
အုတ္တြင္း ႏိုဝင္ဘာ ၁၄

“ကြၽန္ေတာ့္အသက္က ၇၁ ႏွစ္ရွိပါၿပီ။ ဒီအသက္အရြယ္မွာ ျပည္ေထာင္စုတစ္ဝန္းလုံးမွာစည္းရံုးေဆာင္ရြက္မယ့္ ပါတီတစ္ရပ္ တည္ေထာင္ဖို႔ အသက္အရြယ္ႀကီးသြားပါၿပီ။ သို႔ေသာ္ အေျခအေနက ေတာင္းဆိုေနပါတယ္။ လုပ္မယ့္သူရိွရင္၊ လုပ္ႏိုင္တဲ့သူရိွရင္ ကြၽန္ေတာ္တို႔ ဘာမွလုပ္စရာမလိုေတာ့ဘူး။ ထိုင္ၿပီးေတာ့ လိုအပ္တဲ့ အႀကံဉာဏ္နဲ႔ အကူအညီေလာက္ပဲ ေပးရမွာျဖစ္တယ္။”

“ဒီေန႔ ဒီအေျခအေနကို ၾကည့္လိုက္တဲ့ အခါမွာ ကြၽန္ေတာ္တို႔ကိုယ္တိုင္ ဝင္ၿပီးေတာ့ လုပ္မွပဲပိုၿပီးေတာ့ထိေရာက္မယ္။ ဒါေၾကာင့္မိုလို႔ ကိုယ့္ကိုယ္ကို ေျပာပါတယ္။ မင္းမွာအေတြ႕အႀကံဳေတြ ရိွေနတယ္။ မင္းအလုပ္ေတြ လုပ္ႏိုင္ေသးတယ္။ ျပည္သူကို မင္းေစတနာရိွရင္ အလုပ္အေကြၽးျပဳႏိုင္ေသးတယ္ ဆိုၿပီးေတာ့ျဖစ္ပါတယ္။ ဒီလိုနဲ႔ ပါတီတစ္ရပ္ကို ကြၽန္ေတာ္ေခါင္းေဆာင္ၿပီးေတာ့ တည္ေထာင္တာ ျဖစ္ပါတယ္။”

“ျပည္ေထာင္စုတစ္ဝန္းလုံးမွာစည္းရံုးေဆာင္ရြက္မယ့္ပါတီတစ္ရပ္ တည္ေထာင္တယ္ဆိုတာ လြယ္တဲ့ကိစၥမဟုတ္ပါဘူး။ တည္ေထာင္တဲ့အခါမွာ ျဖစ္ေပၚလာႏိုင္တဲ့ အခက္အခဲေတြကိုလည္း ကြၽန္ေတာ္ ေမွ်ာ္မွန္းၿပီးသားပါ။ သာမန္အခက္အခဲကေတာ့ လူေတြရွာဖို႔။ လူေတြရွာၿပီးတဲ့အခ်ိန္မွာ သုံးစြဲရမယ့္ ေငြေၾကး။ ဒီထက္ပုိမိုႀကီးမားတဲ့ အခက္အခဲကေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ကြၽန္ေတာ္တို႔ကို ဒုကၡေပးလာႏိုင္တာမ်ိဳးေတြလည္း ႀကံဳလာႏိုင္ပါတယ္။”

“သို႔ရာတြင္ အဲဒါေတြကို ေၾကာက္ေနမယ္။ အဲဒါေတြကို ေတြးၿပီးပူပန္ေနမယ္ဆိုရင္ မျဖစ္ပါဘူး။ ႏိုင္ငံကို ခ်စ္တယ္၊ ျပည္သူ႔အတြက္အလုပ္ေကြၽးျပဳခ်င္တယ္ ဆိုတဲ့သူတစ္ေယာက္ဟာ ဒီကိစၥမ်ိဳးေတြကို ေၾကာက္ေနမယ္၊ ေတြေဝေနမယ္ဆိုရင္ မျဖစ္ပါဘူး။”

“တကယ္ေတာ့ လူဟာ တစ္ေန႔ ေသရမွာပါ။ ေသတဲ့အခါ ကိုယ္စုေဆာင္းထဲ့ ပစၥည္းေတြလည္း ကိုယ့္ေနာက္မပါပါဘူး။ ကိုယ့္ရဲ့ အေတြ႕အႀကံဳေတြကိုလည္း ဒီအတိုင္းပဲ ထားခဲ့ရမွာပဲ။ မေသခင္၊ က်န္းမာသေရြ႕ ကိုယ့္မွာရိွတဲ့ ပစၥည္း၊ အေတြ႕အႀကံဳေတြကို အေျခခံၿပီးေတာ့ စိတ္ေစတနာမွန္နဲ႔ အလုပ္အေကြၽးျပဳရမယ္ဆိုတဲ့ ယုံၾကည္ခ်က္ ခံယူခ်က္နဲ႔ ကြၽန္ေတာ္ဒီပါတီကို တည္ေထာင္တာပါ”
ဟု အုတ္တြင္းၿမိဳ႕ ျပည္သူမ်ားႏွင့္ ေတြ႔ဆုံစဥ္ သူရဦးေရႊမန္းက ရွင္းလင္းေျပာၾကားသည္။

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီဥကၠ႒ သူရဦးေရႊမန္းသည္ ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕နယ္ ႏွင့္ အုတ္တြင္းၿမိဳ႕နယ္တို႔ရိွ ၿမိဳ႕မိၿမိဳ႕ဖမ်ားဝ ပါတီစည္းရံုးေရးေကာ္မတီမ်ား၊ ပါတီဝင္မ်ားႏွင့္ ပါတီအားစိတ္ဝင္စားသူမ်ားကို ယေန႕ သီးျခားစီေတြ႕ဆံု၍ ပါတီႏွင့္ပတ္သက္သည့္ ကိစၥရပ္မ်ားကို ရွင္းလင္းေျပာၾကားသည္။

                

Share.

About Author

Comments are closed.