fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ပါတီခေါင်းဆောင်နှင့်လူငယ်များတွေ့ဆုံဆွေးနွေး

0

ရန်ကုန်၊ သြဂုတ် ၁၇

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှ လူငယ်များတွေ့ဆုံ၍ “လူငယ်နှင့်နိုင်ငံ့အရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့၊ နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ ဗိုလ်ချိန်လမ်းရှိ ခြံအမှတ် ၈၀(အေ) တွင် ကျင်းပပြုလုပ်ရာ စိတ်ပါဝင်စားသူများ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဝင်များနှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။

အခမ်းအနားတွင် စတုတ္ထစက်မှုတော်လှန်ရေးဖြစ်စဉ်နှင့် နိုင်ငံတော်အနေဖြင့် ပြင်ဆင်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ လူငယ်များ၏မျှော်လင့်ချက်များ၊ ယနေ့မြန်မာ့ လူငယ်များ ကြုံတွေ့နေရသည့် အခက်အခဲနှင့်စိန်ခေါ်မှုများ၊ လူငယ်များအနေဖြင့် နိုင်ငံ့ရေးရာကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများအပေါ် အတွေ့အကြုံနှင့် အမြင်သဘောထားများကို ပါတီခေါင်းဆောင် သူရဦးရွှေမန်းနှင့် နယ်ပယ်စုံမှလူငယ်လူရွယ် ၁၅ ဦးတို့က ဦးစွာဆွေးနွေးကြပြီးနောက် တက်ရောက် လာကြသူများက ရင်းနှီးပွင့်လင်းစွာဖြင့် မေးခွန်းမေးမြန်းခြင်း၊ ဖြည့်စွက်ဆွေးခြင်း၊ အကြံပြုခြင်းများ ပြုလုပ်ကြသည်။

#UBP
#ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ
#လူငယ်နှင့်နိုင်ငံ့အရေး

Share.

About Author

Comments are closed.