ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသရေး၊ တိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို ရှေ့တန်းမှ သက်စွန့်ဆံဖျား အပင်အပန်းခံ ကြိုးပမ်းနေကြသည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအသုံးပြုနိုင်ရန်အတွက် နှာခေါင်းစည်း (Face Mask) များနှင့် ရောဂါကာကွယ်ရေး ဝတ်စုံဖြစ်သည့် PPE (Personal Protective Equipment) များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများ၊ မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဖြန့်ချီလှူဒါန်းလျှက်ရှိသည်။
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၁ တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိ ကုတင်(၅၀)ဆံ့ဆေးရုံနှင့်တောင်ညိုတိုက်နယ်ဆေးရုံတို့၌ အသုံးပြုရန်အတွက် နာခေါင်းစည်းနှင့် PPE များကို ပါတီမှတာဝန်ရှိသူများက ဆေးရုံအရောက် သွားရောက်လှူဒါန်းကြသည်။
ထိုသို့လှူဒါန်းရာတွင် ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်အေးမြဝင်း၊ ဒေါက်တာသီဟဇော်တို့က ဝမ်းမြောက်ဝမ်းသာ လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။

