fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

နိုဝင်ဘာ ၈ ရက်တွင် သင် မဲပေးပါ

0

■ နိုဝင်ဘာ ၈ ရက်တွင် သင် မဲပေးပါ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ကျင်းပသော တတိယအကြိမ်မြောက် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ နိုင်ငံအပြောင်းအလဲအတွက် အရေးကြီးသည့် ရွေးကောက်ပွဲသည် ယနေ့မှစလျှင် သုံးလ (ရက်ပေါင်း ၉၀ ခန့်) သာ လိုပါတော့သည်။ ရွေးကောက်ပွဲများသည် အပြောင်းအလဲများအတွက် ပြည်သူတို့ ငါးနှစ်တစ်ကြိမ်ရရှိသော အခွင့်အရေးတစ်ရပ် ဖြစ်သဖြင့် သင့်အနေဖြင့် မပျက်မကွက် မဲပေးရန် လိုအပ်မည်ဖြစ်ပါသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲသည် တိုင်းရင်းသားပါတီများကို ကိုယ်စားပြုအဖြစ် အဖြူရောင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ကိုယ်စားပြုအဖြစ် အနီရောင်၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကိုယ်စားပြုအဖြစ် အပြာရောင်၊ ပြည်သူ့ပါတီ (PP) နှင့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) ကိုယ်စားပြုအဖြစ် အဝါရောင်၊ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုအဖြစ် အစိမ်းရောင်၊ နိုင်ငံအဝန်းမှ အခြားသောပါတီများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ ကိုယ်စားပြုအဖြစ် ခရမ်းရောင် စသည်ဖြင့် အရောင်အသွေး စုံလင်စွာ ရွေးချယ်ခွင့်ရမည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်ပေလိမ့်မည်။

သို့ဖြစ်ရာ မဲဆန္ဒရှင် ပြည်သူလူထု အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မိမိတို့ ကြိုက်နှစ်သက်သည့် ပါတီနှင့် ကိုယ်စားလှယ်များကို စနစ်တကျ ရွေးချယ်နိုင်ရန် နိုဝင်ဘာ ၈ ရက်တွင် မပျက်မကွက် မဲပေးကြရန် တိုက်တွန်းအပ်ပါသည်။

(Zawgyi)

■ နို၀င်ဘာ ၈ ရက်တွင် သင် မဲပေးပါ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ကျင်းပသော တတိယအကြိမ်မြောက် အထွေထွေ ရွေးကောက်ပွဲကို နို၀င်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ နိုင်ငံအပြောင်းအလဲအတွက် အရေးကြီးသည့် ရွေးကောက်ပွဲသည် ယနေ့မှစလျှင် သုံးလ (ရက်ပေါင်း ၉၀ ခန့်) သာ လိုပါတော့သည်။ ရွေးကောက်ပွဲများသည် အပြောင်းအလဲများအတွက် ပြည်သူတို့ ငါးနှစ်တစ်ကြိမ်ရရှိသော အခွင့်အရေးတစ်ရပ် ဖြစ်သဖြင့် သင့်အနေဖြင့် မပျက်မကွက် မဲပေးရန် လိုအပ်မည်ဖြစ်ပါသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲသည် တိုင်းရင်းသားပါတီများကို ကိုယ်စားပြုအဖြစ် အဖြူရောင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ကိုယ်စားပြုအဖြစ် အနီရောင်၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကိုယ်စားပြုအဖြစ် အပြာရောင်၊ ပြည်သူ့ပါတီ (PP) နှင့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) ကိုယ်စားပြုအဖြစ် အဝါရောင်၊ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုအဖြစ် အစိမ်းရောင်၊ နိုင်ငံအ၀န်းမှ အခြားသောပါတီများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ ကိုယ်စားပြုအဖြစ် ခရမ်းရောင် စသည်ဖြင့် အရောင်အသွေး စုံလင်စွာ ရွေးချယ်ခွင့်ရမည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်ပေလိမ့်မည်။

သို့ဖြစ်ရာ မဲဆန္ဒရှင် ပြည်သူလူထု အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မိမိတို့ ကြိုက်နှစ်သက်သည့် ပါတီနှင့် ကိုယ်စားလှယ်များကို စနစ်တကျ ရွေးချယ်နိုင်ရန် နို၀င်ဘာ ၈ ရက်တွင် မပျက်မကွက် မဲပေးကြရန် တိုက်တွန်းအပ်ပါသည်။

Share.

About Author

Comments are closed.