fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

နိုင်ငံ့ဝန်ထမ်းများ အဂတိကင်းစင်ရေးအတွက် ဆောင်ရွက်နိုင်ရန် စဉ်းစားစီမံထားသည်ဟု သူရဦးရွှေမန်းပြောကြား

0

ဗန်းမောက် ဒီဇင်ဘာ ၁၅

(Unicode)

နိုင်ငံ့ဝန်ထမ်းများ အဂတိကင်းစင်ရေးအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ယခင်ကာလကတည်းက စဉ်းစားပြင်ဆင် စီမံထားပါကြောင်း ဗန်းမောက်မြို့နယ်ရှိ မြို့မိမြို့ဖများ၊ ပါတီဝင်များနှင့် ယနေ့တွေ့ဆုံစဉ် သူရဦးရွှေမန်းက ပြောကြားသည်။

ဗန်းမောက်ဒေသကဲ့သို့ ဝေးလံခေါင်းပါးသည့် ဒေသများတွင် တာဝန်ကျသည့် နိုင်ငံ့ဝန်ထမ်းအချို့သည် ဒေသခံပြည်သူများအပေါ် မတရားပြုမူခြင်း အကျင့်ပျက်ခြစားခြင်းတို့ရှိသော်လည်း အရေးယူးခြင်း မရှိသည့်အပြင် အခြားသူများထက် ထူးခြားစွာ ရာထူးတိုးတက်သွားကြသည်ကို မြင်တွေ့ဖူးသဖြင့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီအား ပြည်သူက တာဝန်ပေးအပ်မည်ဆိုပါက အကျင့်ပျက် နိုင်ငံ့ဝန်ထမ်းများကို မည်သို့ကိုင်တွယ် ဆောင်ရွက်ပါမည်လဲဟု ဒေသခံတစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

သူရဦးရွှေမန်းက နိုင်ငံဝန်ထမ်းများ အကျင့်ပျက်သည်ကိုသာရှု့မြင်ခြင်းမပြုဘဲ ရရှိသည့် လစာ နည်းပါးသည့်အတွက် ကိုယ့်ဂုဏ်ကိုယ့်သိက္ခာဖြင့် မနေနိုင်ကြသည့်အဖြစ်ကိုလည်း သတိပြုရန် လိုအပ်ပါကြောင်း၊ ယင်းတို့၏ မိသားစု လူမှုဘဝ နောက်ကျမှု ဝန်ထမ်းလိုင်းခန်း ကျဉ်းကျဉ်းလေးများအတွင်းတွင် ခက်ခဲစွာနေထိုင်ရမှုများကိုလည်း စာနာမိပါကြောင်း၊ မိမိအနေဖြင့် ဆိုလည်း လာဘ်ပေးခြင်းကိုသော်လည်းကောင်း၊ လာဘ်ယူခြင်းကိုသော်လည်း လုံးဝမနှစ်သက်ပါကြောင်း၊ သို့သော်လက်တွေ့တွင် ဝန်ထမ်းအချို့ အကျင့်ပျက် ခြစားနေကြသည်မှာလည်း ဝန်ထမ်းအပြစ်ချည်း မမြင်ပါကြောင်း၊ နိုင်ငံတော်ဘက်က ထိုက်သင့်သည့် ဖြည့်ဆည်းမှုများ မလုပ်ပေးနိုင်သည့် အချက်ကိုလည်း တာဝန်တစ်ရပ် အနေဖြင့် မြင်မိပါကြောင်း ပြောကြားသည်။

ထို့ကြောင့် လွန်ခဲ့သည့် နှစ် ၂၀ ကျော် နိုင်ငံတော်အဆင့် တာဝန် စတင်ထမ်းဆောင်သည့် အချိန်မှစတင်ကာ နိုင်ငံဝန်ထမ်းများ ကိုယ့်ဂုဏ်ကိုယ့်သိက္ခာဖြင့် နေနိုင်အောင် မည်သို့ ဆောင်ရွက်ပေးရမည်ကို အမြဲစဉ်းစားပါကြောင်း၊ လွတ်တော်ဥက္ကဋ္ဌကါလတွင် နိုင်ငံ့ဝန်ထမ်း၏လစာ ၃ ကြိမ်တိုးအောင် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထိုသို့ကြိုးပမ်းရာတွင် အတိုက်အခံများစွာကြားမှ ခက်ခဲစွာ ဆောင်ရွက်ခဲ့ရပါကြောင်း၊ သို့သော်မိမိဘက်က တိကျခိုင်မာ သေချာစွာ ဆောင်ရွက်နိုင်သည့်အတွက် အောင်မြင်ခဲ့ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ယခင်က လစာတိုးတက်ရေးကို အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ခဲ့သော်လည်း စိတ်ကျေနပ်သည့်အနေအထား တစ်ရပ်သို့ရောက်ရှိသည်အထိ ဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်း၊ နိုင်ငံ့န်ထမ်းများကို လစာတိုးပေးရန်အတွက် တိုးပေးရမည့်ငွေကို မည်သို့ရှာဖွေရမည်ကိုလည်း စဉ်းစားထားပါကြောင်း၊ ငွေရှာရာတွင် အဓိကအားဖြင့် အလေအလွင့်ဖြစ်ပေါ်နေသည့် အခွန်ငွေများ ရရှိအောင်နှင့် တရားမဝင်ကုန်သွယ်မှုများကြောင့် ဆုံးရှုံးမှုများကို ကာကွယ်နိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံစီးပွားရေးတိုးတက်ရန်အတွက်လည်း ဘက်စုံဆောင်ရွက်ရမည့် အပိုင်းများလည်း ရှိပါကြောင်း၊ နိုင်ငံဝန်ထမ်းများကို ထိုက်သင့်သည့် ဂုဏ်သိက္ခာအဆင့်အတန်းနှင့် နေနိုင်အောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက အဂတိလိုက်စားမှုများ ထိရောက်စွာ ဆက်လက်ကိုင်တွယ် ဖြေရှင်းနိုင်မည် ဖြစ်ပါကြောင်း သူရဦးရွှေမန်းက ရှင်းလင်းပြောကြားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် ဗန်းမောက်မြို့နယ်နှင့် ကောလင်းမြို့နယ်ရှိ မြို့မိမြို့ဖများ၊ ပါတီဝင်များကို သီးခြားစီတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ မြို့မိမြို့ဖများ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးစောလှထွန်း၊ မြို့နယ်တာဝန်ခံများ၊ မြို့နယ်ပါတီယာယီစည်ရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များနှင့် ပါတီအား စိတ်ဝင်စားသူများ တက်ရောက်ကြကြောင်းသတင်း
ရရှိပါသည်။

ဗန္းေမာက္ ဒီဇင္ဘာ ၁၅

(Zawgyi)

နိုင္ငံ့ဝန္ထမ္းမ်ား အဂတိကင္းစင္ေရးအတြက္ ေဆာင္ရြက္ႏိုင္မၫ့္ နည္းလမ္းမ်ားကို ယခင္ကာလကတည္းက စဉ္းစားျပင္ဆင္ စီမံထားပါေၾကာင္း ဗန္းေမာက္ၿမိဳ႔နယ္ရိွ ၿမိဳ႔မိၿမိဳ႔ဖမ်ား၊ ပါတီဝင္မ်ားႏွင့္ ယေန့ေတြ့ဆံုစဉ္ သူရဦးေရႊမန္းက ေျပာၾကားသည္။

ဗန္းေမာက္ေဒသကဲ့သို႔ ေဝးလံေခါင္းပါးသၫ့္ ေဒသမ်ားတြင္ တာဝန္က်သၫ့္ ႏိုင္ငံ့ဝန္ထမ္းအခ်ိဳ႕သည္ ေဒသခံျပည္သူမ်ားအေပၚ မတရားျပုမူျခင္း အက်င့္ပ်က္ျခစားျခင္းတို့ရိွေသာ္လည္း အေရးယူးျခင္း မရိွသၫ့္အျပင္ အျခားသူမ်ားထက္ ထူးျခားစြာ ရာထူးတိုးတက္သြားၾကသည္ကို ျမင္ေတြ့ဖူးသျဖင့္ ျပည္ေထာင္စု ေကာင္းက်ိဳးေဆာင္ပါတီအား ျပည္သူက တာဝန္ေပးအပ္မည္ဆိုပါက အက်င့္ပ်က္ ႏိုင္ငံ့ဝန္ထမ္းမ်ားကို မည္သို႔ကိုင္တြယ္ ေဆာင္ရြက္ပါမည္လဲဟု ေဒသခံတစ္ဦး၏ ေမးျမန္းမႈကို ျပန္လည္ေျဖၾကားျခင္း ျဖစ္သည္။

သူရဦးေရႊမန္းက နိုင္ငံဝန္ထမ္းမ်ား အက်င့္ပ်က္သည္ကိုသာ႐ႈ့ျမင္ျခင္းမျပဳဘဲ ရရိွသၫ့္ လစာ နည္းပါးသၫ့္အတြက္ ကိုယ့္ဂုဏ္ကိုယ့္သိကၡာျဖင့္ မေနႏိုင္ၾကသၫ့္အျဖစ္ကိုလည္း သတိျပဳရန္ လိုအပ္ပါေၾကာင္း၊ ယင္းတို႔၏ မိသားစု လူမႈဘဝ ေနာက္က်မႈ ဝန္ထမ္းလိုင္းခန္း က်ဉ္းက်ဉ္းေလးမ်ားအတြင္းတြင္ ခက္ခဲစြာေနထိုင္ရမႈမ်ားကိုလည္း စာနာမိပါေၾကာင္း၊ မိမိအေနျဖင့္ ဆိုလည္း လာဘ္ေပးျခင္းကိုေသာ္လည္းေကာင္း၊ လာဘ္ယူျခင္းကိုေသာ္လည္း လံုးဝမႏွစ္သက္ပါေၾကာင္း၊ သို႔ေသာ္လက္ေတြ့တြင္ ဝန္ထမ္းအခ်ိဳ႕ အက်င့္ပ်က္ ျခစားေနၾကသည္မွာလည္း ဝန္ထမ္းအျပစ္ခ်ည္း မျမင္ပါေၾကာင္း၊ ႏိုင္ငံေတာ္ဘက္က ထိုက္သင့္သၫ့္ ျဖၫ့္ဆည္းမႈမ်ား မလုပ္ေပးႏိုင္သၫ့္ အခ်က္ကိုလည္း တာဝန္တစ္ရပ္ အေနျဖင့္ ျမင္မိပါေၾကာင္း ေျပာၾကားသည္။

ထို႔ေၾကာင့္ လြန္ခဲ့သၫ့္ ႏွစ္ ၂၀ ေက်ာ္ ႏိုင္ငံေတာ္အဆင့္ တာဝန္ စတင္ထမ္းေဆာင္သၫ့္ အခ်ိန္မွစတင္ကာ နိုင္ငံဝန္ထမ္းမ်ား ကိုယ့္ဂုဏ္ကိုယ့္သိကၡာျဖင့္ ေနႏိုင္ေအာင္ မည္သို႔ ေဆာင္ရြက္ေပးရမည္ကို အၿမဲစဉ္းစားပါေၾကာင္း၊ လြတ္ေတာ္ဥကၠ႒ကါလတြင္ နိုင္ငံ့ဝန္ထမ္း၏လစာ ၃ ႀကိမ္တိုးေအာင္ ေဆာင္ရြက္ေပးခဲ့ပါေၾကာင္း၊ ထိုသို႔ႀကိဳးပမ္းရာတြင္ အတိုက္အခံမ်ားစြာၾကားမွ ခက္ခဲစြာ ေဆာင္ရြက္ခဲ့ရပါေၾကာင္း၊ သို႔ေသာ္မိမိဘက္က တိက်ခိုင္မာ ေသခ်ာစြာ ေဆာင္ရြက္ႏိုင္သၫ့္အတြက္ ေအာင္ျမင္ခဲ့ပါေၾကာင္း ေျပာၾကားသည္။

ဆက္လက္၍ ယခင္က လစာတိုးတက္ေရးကို အတိုင္းအတာတစ္ခုအထိ ေဆာင္ရြက္ႏိုင္ခဲ့ေသာ္လည္း စိတ္ေက်နပ္သည့္အေနအထား တစ္ရပ္သို့ေရာက္ရိွသည္အထိ ေဆာင္ရြက္ႏိုင္ျခင္း မရိွေသးပါေၾကာင္း၊ နိုင္ငံ့န္ထမ္းမ်ားကို လစာတိုးေပးရန္အတြက္ တိုးေပးရမၫ့္ေငြကို မည္သို႔ရွာေဖြရမည္ကိုလည္း စဉ္းစားထားပါေၾကာင္း၊ ေငြရွာရာတြင္ အဓိကအားျဖင့္ အေလအလြင့္ျဖစ္ေပၚေနသၫ့္ အခြန္ေငြမ်ား ရရိွေအာင္ႏွင့္ တရားမဝင္ကုန္သြယ္မႈမ်ားေၾကာင့္ ဆံုးရႈံးမႈမ်ားကို ကာကြယ္ႏိုင္ေအာင္ ေဆာင္ရြက္ရမည္ျဖစ္ပါေၾကာင္း၊ ထို႔ျပင္ ႏိုင္ငံစီးပြားေရးတိုးတက္ရန္အတြက္လည္း ဘက္စံုေဆာင္ရြက္ရမၫ့္ အပိုင္းမ်ားလည္း ရိွပါေၾကာင္း၊ နိုင္ငံဝန္ထမ္းမ်ားကို ထိုက္သင့္သၫ့္ ဂုဏ္သိကၡာအဆင့္အတန္းႏွင့္ ေနႏိုင္ေအာင္ ေဆာင္ရြက္ေပးႏိုင္မည္ဆိုပါက အဂတိလိုက္စားမႈမ်ား ထိေရာက္စြာ ဆက္လက္ကိုင္တြယ္ ေျဖရွင္းႏိုင္မည္ ျဖစ္ပါေၾကာင္း သူရဦးေရႊမန္းက ရွင္းလင္းေျပာၾကားသည္။

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီေခါင္းေဆာင္ သူရဦးေရႊမန္းသည္ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၁၅ ရက္ေန့၊ နံနက္ပိုင္းႏွင့္ ေန့လယ္ပိုင္းတို႔တြင္ ဗန္းေမာက္ၿမိဳ႔နယ္ႏွင့္ ေကာလင္းၿမိဳ႔နယ္ရိွ ၿမိဳ႔မိၿမိဳ႔ဖမ်ား၊ ပါတီဝင္မ်ားကို သီးျခားစီေတြ့ဆံုသည္။ အဆိုပါေတြ့ဆံုပြဲသို႔ ၿမိဳ႔မိၿမိဳ႔ဖမ်ား၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၊ စစ္ကိုင္းတိုင္းေဒသႀကီးတာဝန္ခံ ဦးေစာလွထြန္း၊ ၿမိဳ႔နယ္တာဝန္ခံမ်ား၊ ၿမိဳ႔နယ္ပါတီယာယီစည္ရံုးေရးေကာ္မတီဝင္မ်ား၊ ပါတီဝင္မ်ားႏွင့္ ပါတီအား စိတ္ဝင္စားသူမ်ား တက္ေရာက္ၾကေၾကာင္း သတင္းရရိွပါသည္။

Share.

About Author

Comments are closed.