fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

နိုင်ငံအား ပို၍တိုးတက်အောင် တည်ဆောက်ရာတွင် ပါဝင်နိုင်အောင် ပါတီတည်ထောင်

0

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအား စိတ်ပါဝင်စားပြီး ပါတီ၏ နိုင်ငံရေးဝါဒ သဘော တရားကို အကောင်အထည်ဖော်ရာတွင် ပါဝင်ဆောင်ရွက်လိုသဖြင့် တောင်ငူမြို့နယ်၊ ရေတာရှည် မြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ထန်းတပင်မြို့နယ်တို့မှ ပါတီဝင် အဆိုပြုလွှာပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန် တောင်ငူမြို့၊ အမေ့အိမ်ဟိုတယ်ခန်းမတွင် ပြုလုပ်ပါသည်။


ထိုသို့ပြုလုပ်ရာတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ခေါင်းဆောင် သူရဦးရွှေမန်း နှင့် ပါတီမှ တာဝန်ရှိသူများ၊ အဆိုပါ ၄ မြို့နယ်မှ မြို့မိမြို့ဖများ၊ လူမှုအဖွဲ့အစည်းများ၊ ပါတီဝင်အဖြစ် အဆိုပြုသူများ၊ ပါတီအား စိတ်ဝင်စား၍ လေ့လာသူများတက်ရောက်ကြပြီး တရားဥပဒေစိုးမိုးရေး၊ စားဝတ်နေရေး၊ လယ်ယာစိုက်ပျိုးရေး၊ သီးနှံဈေးနှုန်းများ၊ အလုပ်အကိုင်နှင့် ဝင်ငွေရရှိမှု စသည့် လူမှု စီးပွားအခြေအနေအရပ်ရပ်ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါသည်။
ဆွေးနွေးရာတွင် ပါတီခေါင်းဆောင် သူရဦးရွှေမန်း က “နိုင်ငံအား ယခုထက် ပို၍ ဖွံ့ဖြိုး တိုးတက်အောင်တည်ဆောက်ရာတွင် တစ်တပ်တစ်အား ပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ရန် ပါတီ တည်ထောင်ခြင်းဖြစ်ကြောင်း၊ အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သော ပြည်သူများက စေတနာ မှန်ကာ အရည်အချင်းရှိပြီး ကောင်းကျိုးဆောင်ရွက်နိုင်မည့် ထိုက်တန်သည့် ပုဂ္ဂိုလ်များကို မှန်ကန်စွာ ရွေးချယ်ဆုံးဖြတ် တာဝန်ပေးနိုင်ရန် လိုအပ်ပါကြောင်း” ထည့်သွင်းဆွေးနွေးပြောကြားပါသည်။

Share.

About Author

Leave A Reply