fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

နိုင်ငံအကျိုး ပြည်သူ့အကျိုး ထိရောက်စွာ ဆောင်ရွက်နိုင်မည့် ပါတီနှင့် ပုဂ္ဂိုလ်များကို မှန်ကန်စွာ ရွေးချယ်တာဝန်ပေးရန်လိုအပ်

0

“နိုင်ငံရေးသည်မိမိနှင့်မဆိုင်ဟု သဘောမထားဘဲ နိုင်ငံရေးကို နိုင်ငံ သားအားလုံး စိတ်ဝင်စားစွာ လေ့လာ ကြစေလိုကြောင်း၊နိုင်ငံရေးပါတီများ၊ လူပုဂ္ဂိုလ်များ၏ စေတနာ အတွေ့အကြုံနှင့် အရည်အချင်း တို့ကိုလည်း လေ့လာဆန်းစစ်ပြီး နိုင်ငံအကျိုး ပြည်သူ့အကျိုး ကို ထိရောက်စွာ ဆောင်ရွက်နိုင်မည့် ပါတီနှင့်ပုဂ္ဂိုလ် များကို ပြည်သူများက မှန်ကန်စွာ ရွေးချယ်တာဝန်ပေးကြစေလို ကြောင်း” ပြည်ထောင်စု ကောင်းကျိုး ဆောင် ပါတီ၏ ခေါင်းဆောင် သူရ ဦးရွှေမန်းက ပြောကြားပါသည်။

ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ သို့ ပါတီဝင်အဖြစ်လျှောက်ထား အဆိုပြုသူများက အဆိုပြုလွှာပေးအပ် ပွဲနှင့်တွေ့ဆုံပွဲကို မအူပင်မြို့ ပန်းဝတီ ခန်းမတွင် ယနေ့ နေ့လယ် ၃ နာရီ အချိန်ပြုလုပ်ရာတွင် ပါတီခေါင်း ဆောင် သူရဦးရွှေမန်း က ထိုသို့ ပြောကြားခြင်းဖြစ်ပါသည်။

အဆိုပါ အခမ်းအနား သို့ ပါတီ ခေါင်းဆောင် သူရဦးရွှေမန်း နှင့်ပါတီ မှ တာဝန်ရှိပုဂ္ဂိုလ်များ၊မအူပင်မြို့နယ်၊ ညောင်တုန်းမြို့နယ်နှင့်ပန်းတနော် မြို့နယ် တို့မှ မြို့မိမြို့ဖများ လူမှုအဖွဲ့ အစည်းများ ပါတီဝင်အဆိုပြုလွှာ ပေးအပ်မည့် မြို့နယ်အလိုက် ကိုယ် စားလှယ်များ ပါတီအားစိတ်ဝင်စား စွာ လေ့လာသူများ တက်ရောက်ကြ ပြီး တရားဥပဒေစိုးမိုးရေး၊ငြိမ်းချမ်း ရေး၊ဒေသဖွံဖြိုးရေး၊စိုက်ပျိုးရေး၊မွေး မြူ ရေး၊စီးပွားရေး၊စားဝတ်နေရေး အခြေအနေနှင့် ပါတီစည်းရုံးရေး ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြကာ အဆိုပြုလွှာများ ပေးအပ်ကြပါသည်။

တွေ့ဆုံပွဲသို့ တက်ရောက်သတင်းရယူကြသည့် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပါတီခေါင်းဆောင် သူရဦးရွှေမန်း က ပြန်လည်ဖြေကြားပါသည်။

Share.

About Author

Leave A Reply