fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

နိုင်ငံနှင့်ပြည်သူများကို အလုပ်အကျွေးပြုရန် ပါတီတည်ထောင်ခြင်းဖြစ်ဟု သူရဦးရွှေမန်းပြော

0

မေ ၁၇ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ပါတီဝင်အဖြစ် အဆိုပြုလွှာပေးအပ်ပွဲနှင့် လူထုတွေ့ဆုံပွဲကို ၂၀၁၉ ခုနှစ် မေလ ၁၇ ရက် နံနက် ၈ နာရီတွင် ဟင်္သာတမြို့ ဟုန်စံစီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်း၊ ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဟင်္သာတမြို့နယ်၊ ကြံခင်းမြို့နယ်၊ မြန်အောင်မြို့နယ်၊ အင်္ဂပူမြို့နယ်၊ လေးမျက်နှာမြို့နယ်၊ ဇလွန်မြို့နယ်၊ ဓနုဖြူမြို့နယ်တို့ရှိ ပါတီဝင်အဖြစ် အဆိုပြုလွှာ ပေးအပ်မည့်သူများ၊ အဆိုပါမြို့နယ် ၇ မြို့နယ်မှ မြို့မိ၊ မြို့ဖများ၊ လူမှုအဖွဲ့အစည်းများနှင့် ပါတီကို လေ့လာလိုသူများ တက်ရောက်ခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ခေါင်းဆောင် သူရဦးရွှေမန်းက နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ နိုင်ငံနှင့်ပြည်သူများကို အလုပ်အကျွေးပြုရန်၊ ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရန်၊ တောင်သူလယ်သမား၏ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးကို ထိရောက်စွာ အကောင်အထည်ဖော်ရန်၊ အလုပ်အကိုင် အခွင့်အလမ်း၊ အလုပ်သမားများ၏ လုပ်ခလစာ၊ ခံစားခွင့်၊ ရပိုင်ခွင့်၊ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့် စရိတ်၊ ဘဝအခြေအနေ ကောင်းမွန်ပြီး ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရန်၊ ပြည်သူတစ်ဦးချင်း လူမှုစီးပွားအခြေအနေ တိုးတက်ကောင်းမွန်ရန်၊ လက်ရှိအခြေအနေထက် ပိုမို သာလွန်ကောင်းမွန်ရန်တို့ကို လက်တွေ့ဆောင်ရွက်လို၍ ပါတီတည်ထောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် တရားဥပဒေစိုးမိုးရေး၊ ဒေသ၏စီးပွားရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ အားကစား၊ ဒေသဖွံ့ဖြိုးရေး၊ ပါတီစည်းရုံး ရေးနှင့် ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးအကြံပြုကြပြီး ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် မြို့နယ် ၇ မြို့နယ်မှ ကိုယ်စားလှယ်များက ပါတီဝင် အဆိုပြုလွှာများကို ပေးအပ်ရာ ပါတီခေါင်းဆောင် သူရဦးရွှေမန်းက လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။

Share.

About Author

Leave A Reply