fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

“နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားအတွက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မည်” ဟု သူရဦးရွှေမန်းပြောကြား

0

ဇွန် ၁၃ ရွှေကျင်

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲနှင့် လူထုတွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ပါတီရုံး၌လည်းကောင်း၊ နေ့လယ် ၁၂ နာရီတွင် ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ရှိ အင်အမ်းဘုံကျောင်း၌လည်း ကောင်း၊ နေ့လယ် ၂ နာရီတွင် ပိန်းဇလုပ်မြို့၊ မြို့မ(၂)ရပ်ကွက်၊ ရဲစခန်းလမ်းရှိ နေအိမ်၌ လည်းကောင်း ပြုလုပ်ရာ ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းနှင့် ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရွှေကျင်မြို့နယ်၊ ညောင်လေးပင် မြို့နယ်တို့မှ မြို့မိမြို့ဖများ၊ ပါတီဝင်အဖြစ် အဆိုပြုထားသူများ၊ ပါတီအပေါ်စိတ်ဝင်စား၍ လေ့လာသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် “ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့၊ သူများမကောင်းကြောင်းမပြောနဲ့ ကိုယ်ကောင်းအောင်နေ၊ သူများကို အပြစ်မပြောနဲ့ ကိုယ်အပြစ်မဖြစ်အောင်နေ ဆိုသည်ကို လက်ကိုင်ထားပြီး မိမိတို့ဆောင်ရွက်ပါကြောင်း၊ အစိုးရအပေါ် အရာခပ်သိမ်း ဆန့်ကျင်ခြင်းမျိုးမပြုဘဲ အပြုသဘော ထောက်ပြ အကြံပြုတိုက်တွန်းမည်ဖြစ်ပါကြောင်း၊ ကိုယ်နှင့်မတူ ကိုယ့်ရန်သူ၊ အပြုတ်တိုက်မည် အပြတ်ရှင်းမည်ဟူ၍ လုပ်မရပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားအတွက်ဆိုလျှင် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ဒေသစွဲ၊ ဝါဒစွဲ၊ ကိုးကွယ်သည့်အယူအဆစွဲမထားဘဲ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းနှင့်မဆို ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မည်ဆိုသည့် ခံယူချက်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း” ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ထည့်သွင်းပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လယ်ယာမြေနှင့် အင်းလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ဒေသလိုအပ်ချက်များ၊ ပါတီစည်းရုံးရေးနှင့် ပါတီဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များကို တက်ရောက်လာကြသူများက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ရာ ပါတီခေါင်းဆောင် သူရဦးရွှေမန်းက လက်ခံရယူကြောင်း သတင်းရရှိပါသည်။

Share.

About Author

Comments are closed.