fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

နိုင်ငံတော်နှင့် နိုင်ငံသားများ၏အခြေအနေ နိမ့်ကျ၊ နောက်ကျနေသဖြင့် ပါတီတည်ထောင်ရန် ဆုံးဖြတ်ဆောင်ရွက်ခြင်းဖြစ်သည် ဟု သူရဦးရွှေမန်းပြောကြား

0

(Unicode)

နိုင်ငံတော်နှင့် နိုင်ငံသားများ၏အခြေအနေ နိမ့်ကျ၊ နောက်ကျနေသဖြင့် ပါတီတည်ထောင်ရန် ဆုံးဖြတ်ဆောင်ရွက်ခြင်းဖြစ်သည် ဟု သူရဦးရွှေမန်းပြောကြား

ခန္တီး ဖေဖော်ဝါရီ ၁

နိုင်ငံတော်နှင့် နိုင်ငံသားများ၏အခြေအနေ အဖက်ဖက်တွင် နိမ့်ကျနောက်ကျနေပြီး ပြည်သူများ၏ လူမှုစီးပွားရေးနှင့် တရားမျှတမှု အခြေအနေ မျှော်လင့်သလို တိုးတက်လာခြင်း မရှိသည်ကို တွေ့မြင်နေရသဖြင့် ပါတီတည်ထောင်ခြင်းဖြစ်ကြောင်း၊

မိမိအနေဖြင့် စားဝတ်နေရေး အဆင်ပြေသကဲ့သို့ လူမှုရေးအရလည်း ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်သည့် အခြေအနေရှိပါကြောင်း၊

အသက်အားဖြင့်လည်း ၇၀ ကျော်ပြီဖြစ်၍ အေးအေးဆေးဆေး နားနားနေနေ နေရန်သင့်သော်လည်း ပြည်သူများ၏ အခက်အခဲများကို မျက်ကွယ်မပြုနိုင်၍ အသက်ရှင် ကျန်းမာသရွေ့ နိုင်ငံတော်နှင့် နိုင်သားများအကျိုးကို သယ်ပိုးရန် ဆုံးဖြတ်ချက်ဖြင့် ပါတီတည်ထောင်ခြင်း ဖြစ်ကြောင်း

ခန္တီးမြို့ရှိ ပါတီဝင်များနှင့် တွေ့ဆုံစဉ် သူရဦးရွှေမန်းက ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် တပ်မတော်မှ အသွင်ပြောင်းလာသူများ ဖြစ်သည်ဟု ဝေဖန်ပြောဆိုနေကြကြောင်း တက်ရောက်လာသူတစ်ဦး၏မေးမြန်းခြင်းအား

သူရဦးရွှေမန်းက မိမိသည် တပ်မတော်သား ဗိုလ်ချုပ်ကြီးအဆင့်တာဝန်ထမ်းဆောင်ဖူးကြောင်း၊ မိမိ၏ဘဝကို ဖုံးကွယ်ထားရန် အကြောင်းမရှိပါကြောင်း၊

တပ်မတော်သားဆိုလျှင်မကောင်းဘူး၊ တပ်မတော်ဆိုလျှင် မကောင်းဘူး စသည်ဖြင့် ဝေဖန်နေကြသည်တို့ရှိပါကြောင်း၊

ဗိုလ်ချုပ်အောင်ဆန်းသည် စစ်သားဖြစ်ပါကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သူရဦးတင်ဦးသည် စစ်သားဖြစ်ပါကြောင်း၊ ဦးအောင်ကြီးဆိုလျှင်လည်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဖြစ်ပါကြောင်း၊ ဦးအောင်ရွှေ၊ ဦးလွင်တို့သည်လည်း စစ်သားများဖြစ်ကြပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် လုပ်ဖော်ကိုင်ဖက်ဟောင်းများ ဖြစ်ကြပါကြောင်း၊

စစ်သားဆိုလျှင်မကောင်းဘူး၊ တပ်မတော်ဆိုလျှင် မကောင်းဘူးဆိုသည့် ပြောဆိုမှုများနောက်ပိုင်းတွင် ကြားရပါကြောင်း၊

တပ်မတော်ကို မကောင်းဘူးဟု မပြောစေလိုပါကြောင်း၊

တပ်မတော်သားများထဲက အချို့ မကောင်းတာရှိလျှင် မကောင်းသည့်သူကိုသာ ပြောဖို့လိုပါကြောင်း၊

တပ်မတော်ကိုပြောသကဲ့သို့ပင် အခြားသော ပါတီများ၊ အဖွဲ့အစည်းများကို သိမ်းကျုံးဝေဖန်ပြောဆိုလျှင် မည်သူမျှ ခံနိုင်မည် မဟုတ်ပါကြောင်း၊

တပ်မတော်သည် နိုင်ငံတွင် မရှိမဖြစ်ရှိရမည့် အဖွဲ့အစည်းသာ ဖြစ်ပါကြောင်း၊

အမေရိကန်သမ္မတများလည်း စစ်မှုထမ်းဖူးကြသည့် တပ်မတော်သားဟောင်းများ ဖြစ်ကြပါကြောင်း၊ ဗြိတိန်ဘုရင်မကြီး၏ မြေးများသည်လည်း စစ်မှုထမ်းဖူးကြသူများ ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံမှ စစ်မှုထမ်းများသည် မိမိသဘောဆန္ဒအရ တပ်မတော်သို့ ဝင်ရောက်၍ စစ်မှုထမ်းနေကြသူများဖြစ်ကာ လူ့သဘာဝအရ သေရမည်၊ ကိုယ်လက်အင်္ဂါစွှန့်လွှတ်ရမည်ကို စိုးရွံ့ကြမည်ဖြစ်သော်လည်း နိုင်ငံသားအားလုံး၏ ကိုယ်စားတာဝန်ထမ်းနေကြပါကြောင်း၊

သို့ဖြစ်၍ တပ်မတော်ဆိုပြီး သိမ်းကျုံးအပြစ်ပြောမည်ဆိုပါက သွေးစည်းညီညွတ်ရေး ပျက်ပြားသွားမည်ဖြစ်ပါကြောင်း၊

ယနေ့ပြောနေကြသည့် ရင်ကြားစေ့ရေး၊အမျိုးသားပြန်လည်သင့်မြက်ရေး ပျက်ပြားသွားမည် ဖြစ်ပါကြောင်း၊

ထိုကဲ့သို့ဆိုလျှင် တိုင်းပြည်လည်း ယနေ့ထက်ပို၍ အခြေအနေ ဆိုးရွားသွား လိမ့်မည်ဖြစ်ပါကြောင်း ပြန်လည်တုန့်ဖြေကြားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းသည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ နေ့လယ်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ မြို့မိမြို့ဖများ၊ ပါတီဝင်များနှင့် တွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ ခန္တီးမြို့မှ မြို့မိမြို့ဖများ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဌာနချုပ်မှ ဦးတင်ထွန်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးစောလှထွန်း၊ ခန္တီးမြို့နယ်၊ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့မှ ပါတီစည်းရုံးရေးတာဝန်ခံများ၊ ပါတီဝင်များ၊ ပါတီအားစိတ်ပါဝင်စားသည့် ပုဂ္ဂိုလ်များ စုံညီစွာ တက်ရောက်ကြသည်။

(Zawgyi)
ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားမ်ား၏အေျခအေန နိမ့္က်၊ ေနာက္က်ေနသျဖင္႔ ပါတီတည္ေထာင္ရန္ ဆုံးျဖတ္ေဆာင္ရြက္ျခင္းျဖစ္သည္ ဟု သူရဦးေ႐ႊမန္းေျပာၾကား
———————————
ခႏၱီး ေဖေဖာ္ဝါရီ ၁

ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားမ်ား၏အေျခအေန အဖက္ဖက္တြင္ နိမ့္က်ေနာက္က်ေနၿပီး ျပည္သူမ်ား၏ လူမႈစီးပြားေရးႏွင့္ တရားမွ်တမႈ အေျခအေန ေမွ်ာ္လင့္သလို တိုးတက္လာျခင္း မရွိသည္ကို ေတြ႔ျမင္ေနရသျဖင့္ ပါတီတည္ေထာင္ျခင္းျဖစ္ေၾကာင္း၊

မိမိအေနျဖင့္ စားဝတ္ေနေရး အဆင္ေျပသကဲ့သို႔ လူမႈေရးအရလည္း ဂုဏ္သိကၡာရွိစြာ ေနထိုင္နိုင္သည့္ အေျခအေနရွိပါေၾကာင္း၊

အသက္အားျဖင့္လည္း ၇၀ ေက်ာ္ၿပီျဖစ္၍ ေအးေအးေဆးေဆး နားနားေနေန ေနရန္သင့္ေသာ္လည္း ျပည္သူမ်ား၏ အခက္အခဲမ်ားကို မ်က္ကြယ္မျပဳနိုင္၍ အသက္ရွင္ က်န္းမာသေ႐ြ႕ နိုင္ငံေတာ္ႏွင့္ နိုင္သားမ်ားအက်ိဳးကို သယ္ပိုးရန္ ဆုံးျဖတ္ခ်က္ျဖင့္ ပါတီတည္ေထာင္ျခင္း ျဖစ္ေၾကာင္း

ခႏၱီးၿမိဳ႕ရွိ ပါတီဝင္မ်ားႏွင့္ ေတြ႕ဆုံစဥ္ သူရဦးေ႐ႊမန္းက ေျပာၾကားသည္။

ဆက္လက္၍ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီသည္ တပ္မေတာ္မွ အသြင္ေျပာင္းလာသူမ်ား ျဖစ္သည္ဟု ေဝဖန္ေျပာဆိုေနၾကေၾကာင္း တက္ေရာက္လာသူတစ္ဦး၏ေမးျမန္းျခင္းအား

သူရဦးေ႐ႊမန္းက မိမိသည္ တပ္မေတာ္သား ဗိုလ္ခ်ဳပ္ႀကီးအဆင့္တာဝန္ထမ္းေဆာင္ဖူးေၾကာင္း၊ မိမိ၏ဘဝကို ဖုံးကြယ္ထားရန္ အေၾကာင္းမရွိပါေၾကာင္း၊

တပ္မေတာ္သားဆိုလွ်င္မေကာင္းဘူး၊ တပ္မေတာ္ဆိုလွ်င္ မေကာင္းဘူး စသည္ျဖင့္ ေဝဖန္ေနၾကသည္တို႔ရွိပါေၾကာင္း၊

ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ စစ္သားျဖစ္ပါေၾကာင္း၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ သူရဦးတင္ဦးသည္ စစ္သားျဖစ္ပါေၾကာင္း၊ ဦးေအာင္ႀကီးဆိုလွ်င္လည္း ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ေဟာင္း ျဖစ္ပါေၾကာင္း၊ ဦးေအာင္ေ႐ႊႊ၊ ဦးလြင္တို႔သည္လည္း စစ္သားမ်ားျဖစ္ၾကပါေၾကာင္း၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ လုပ္ေဖာ္ကိုင္ဖက္ေဟာင္းမ်ား ျဖစ္ၾကပါေၾကာင္း၊

စစ္သားဆိုလွ်င္မေကာင္းဘူး၊ တပ္မေတာ္ဆိုလွ်င္ မေကာင္းဘူးဆိုသည့္ ေျပာဆိုမႈမ်ားေနာက္ပိုင္းတြင္ ၾကားရပါေၾကာင္း၊

တပ္မေတာ္ကို မေကာင္းဘူးဟု မေျပာေစလိုပါေၾကာင္း၊

တပ္မေတာ္သားမ်ားထဲက အခ်ိဳ႕ မေကာင္းတာရွိလွ်င္ မေကာင္းသည့္သူကိုသာ ေျပာဖို႔လိုပါေၾကာင္း၊

တပ္မေတာ္ကိုေျပာသကဲ့သို႔ပင္ အျခားေသာ ပါတီမ်ား၊ အဖြဲ႕အစည္းမ်ားကို သိမ္းက်ဳံးေဝဖန္ေျပာဆိုလွ်င္ မည္သူမွ် ခံႏိုင္မည္ မဟုတ္ပါေၾကာင္း၊

တပ္မေတာ္သည္ ႏိုင္ငံတြင္ မရွိမျဖစ္ရွိရမည့္ အဖြဲ႕အစည္းသာ ျဖစ္ပါေၾကာင္း၊

အေမရိကန္သမၼတမ်ားလည္း စစ္မႈထမ္းဖူးၾကသည့္ တပ္မေတာ္သားေဟာင္းမ်ား ျဖစ္ၾကပါေၾကာင္း၊ ၿဗိတိန္ဘုရင္မႀကီး၏ ေျမးမ်ားသည္လည္း စစ္မႈထမ္းဖူးၾကသူမ်ား ျဖစ္ပါေၾကာင္း၊

ျမန္မာႏိုင္ငံမွ စစ္မႈထမ္းမ်ားသည္ မိမိသေဘာဆႏၵအရ တပ္မေတာ္သို႔ ဝင္ေရာက္၍ စစ္မႈထမ္းေနၾကသူမ်ားျဖစ္ကာ လူ႕သဘာဝအရ ေသရမည္၊ ကိုယ္လက္အဂၤါစႊန္႔လႊတ္ရမည္ကို စိုးရြံ႕ၾကမည္ျဖစ္ေသာ္လည္း ႏိုင္ငံသားအားလုံး၏ ကိုယ္စားတာဝန္ထမ္းေနၾကပါေၾကာင္း၊

သို႔ျဖစ္၍ တပ္မေတာ္ဆိုၿပီး သိမ္းက်ဳံးအျပစ္ေျပာမည္ဆိုပါက ေသြးစည္းညီၫြတ္ေရး ပ်က္ျပားသြားမည္ျဖစ္ပါေၾကာင္း၊

ယေန႕ေျပာေနၾကသည့္ ရင္ၾကားေစ့ေရး၊အမ်ိဳးသားျပန္လည္သင့္ျမက္ေရး ပ်က္ျပားသြားမည္ ျဖစ္ပါေၾကာင္း၊

ထိုကဲ့သို႔ဆိုလွ်င္ တိုင္းျပည္လည္း ယေန႔ထက္ပို၍ အေျခအေန ဆိုး႐ြားသြား လိမ့္မည္ျဖစ္ပါေၾကာင္း ျပန္လည္တုန႔္ေျဖၾကားသည္။

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီေခါင္းေဆာင္ သူရဦးေ႐ႊမန္းသည္ ၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔၊ ေန႔လယ္ပိုင္းတြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ခႏၱီးၿမိဳ႕ရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ပါတီဝင္မ်ားႏွင့္ ေတြ႕ဆုံသည္။ အဆိုပါေတြ႕ဆုံပြဲသို႔ ခႏၱီးၿမိဳ႕မွ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ ဌာနခ်ဳပ္မွ ဦးတင္ထြန္းေအာင္၊ စစ္ကိုင္းတိုင္းေဒသႀကီး တာဝန္ခံ ဦးေစာလွထြန္း၊ ခႏၱီးၿမိဳ႕နယ္၊ ေလရွီးၿမိဳ႕နယ္၊ လဟယ္ၿမိဳ႕နယ္ႏွင့္ နန္းယြန္းၿမိဳ႕နယ္တို႔မွ ပါတီစည္း႐ုံးေရးတာဝန္ခံမ်ား၊ ပါတီဝင္မ်ား၊ ပါတီအားစိတ္ပါဝင္စားသည့္ ပုဂၢိုလ္မ်ား စုံညီစြာ တက္ေရာက္ၾကသည္။

Share.

About Author

Comments are closed.