fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

“ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင် စေတနာရှိကြသည့်တိုင် စေတနာကို လက်တွေ့အကောင်အထည် ဖော်နိုင်သည့် အရည်အချင်းသည် အဓိကကျကြောင်း” သူရဦးရွှေမန်းပြောကြား

0

ဝေါမြို့ ဇွန် ၉

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ လူထုတွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့၊ အေးချမ်းသာယာရပ်ကွက်ရှိ ရွှေဘုန်းပွင့်ဓမ္မရိပ်သာတွင် ပြုလုပ်ရာ ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းနှင့် ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖများ၊ ပါတီဝင်အဖြစ် အဆိုပြုထားသူများ၊ ပါတီအပေါ် စိတ်ဝင်စား၍ လေ့လာသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် “မူဝါဒ၊ လုပ်ငန်းစဉ်များ ပြောဆိုကြရာတွင် ကောင်းမွန်ကြပါကြောင်း၊ အရေးကြီးသည်မှာ အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း၊ အပြောထက် အလုပ်ကောင်းရန်၊ လက်တွေ့ကောင်းရန် အဓိကကျပါကြောင်း၊ ပါတီ၊ ပါတီ၏ ခေါင်းဆောင်၊ ပါဝင်သည့်ပုဂ္ဂိုလ်များ၏ ဘဝလမ်းကြောင်းကို ဆန်းစစ်ကြည့်ရန် လိုအပ်ပါကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးသည်ဘာတွေလုပ်ခဲ့သည်၊ အောင်မြင်အောင် ဘယ်လောက်လုပ်နိုင်သည်၊ ယခုဘာတွေလုပ်နေသည်တို့ကိုကြည့်ရန်လိုကြောင်း၊ တာဝန်ကျေပြွန်သည့် ပုဂ္ဂိုလ်၊ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်သည့် ပုဂ္ဂိုလ်ဆိုလျှင် နောင်တွင်လည်း အောင်မြင်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ စေတနာကို လက်တွေ့အကောင်အထည်ဖော်နိုင်သည့် အရည်အချင်းသည် အဓိကကျပါကြောင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရန် မည်သူက မည်မျှ လိုလားဆန္ဒရှိသည်၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို လက်တွေ့အကောင်အထည်ဖော်ရာ၌ အရေးပါသည့် အခန်းကဏ္ဍတွင် မည်သူက မည်မျှပါဝင်ဆောင်ရွက်ခဲ့သည်ဆိုသည့် မှတ်တမ်းများ ရှိပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိခြင်းထက် ပို၍မွန်မြတ်သည့်သစ္စာတရားမရှိပါကြောင်း” ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ထည့်သွင်းပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် တရားဥပဒေစိုးမိုးရေး ၊ ဒေသဖွံ့ဖြိုးရေး၊ ဒေသ၏လိုအပ်ချက်များ၊ ပါတီစည်းရုံးရေးနှင့် ပါတီဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များကို တက်ရောက်လာကြသူများက ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။ တွေ့ဆုံပွဲအပြီးတွင် တက်ရောက်လာသည့်သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ရှင်းလင်း ဖြေကြားကြောင်း သတင်းရရှိသည်။

Share.

About Author

Comments are closed.