ဧပြီ ၂၂
ဒီပဲယင်းမြို့နယ် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ မြို့နယ်တာဝန်ခံဦးလှမျိုးနိုင် ဦးဆောင်၍ ပါတီဝင်များမှ ဒီပဲယင်းပြည်သူ့ဆေးရုံ၊မူးကမ်းကြီးတိုက်နယ်ဆေးရုံ၊စိုင်ပြင်တိုက်နယ်ဆေးရုံများသို့ Covid-19ကာကွယ်ရေးအတွက် PPEဝတ်စုံများနှင့် Face Maskများသွားရောက်လှူဒါန်းခဲ့ကြပါသည်။ထို့အပြင် စိုင်ပြင်မြို့ စေတနာရှင် လူမှုကူညီရေးအသင်း၊နဂါးဗိုလ်ကျေးရွာ သန္တိသုခလူမှုကူညီရေးအသင်းများသို့လည်း Face Maskများသွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

