ရန်ကုန် ဧပြီ ၈
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသရေး၊ တိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို ရှေ့တန်းမှ သက်စွန့်ဆံဖျား အပင်အပန်းခံ ကြိုးပမ်းနေကြသည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများ အသုံးပြုနိုင်ရန်အတွက် ဆေးဖြန်းပုံးများ၊ နှာခေါင်းစည်း (Face Mask) များ၊ ရောဂါကာကွယ်ရေးဝတ်စုံဖြစ်သည့် PPE (Personal Protective Equipment) များနှင့် လက်အိတ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများ၊ မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဖြန့်ချီလှူဒါန်းလျှက်ရှိသည်။
ထိုသို့လှူဒါန်းမှုအစီအစဉ်၏ သတ္တမမြောက်နေ့အဖြစ် ယနေ့ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒလ၊ လှိုင်သာယာ၊ တောင်ဥက္ကလာ၊ သင်္ကန်းကျွန်းနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နယ်များတွင် ဆေးဖြန်းပုံများ၊ နှာခေါင်းစည်းများနှင့် လက်အိတ်များအား ပါတီမှတာဝန်ရှိသူများက သွားရောက်လှူဒါန်းကြသည်။
ထိုသို့လှူဒါန်းရာတွင် အုပ်ချုပ်ရေးနှင့် ကျန်းမာရေး ဌာနများမှ တာဝန်ရှိသူများက ဝမ်းမြောက်ဝမ်းသာ လက်ခံရယူကြကြောင်း သတင်းရရှိသည်။



