fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ နှာခေါင်းစည်းနှင့် PPE များသွားရောက်လှူဒါန်း

0

ထားဝယ် ဧပြီ ၁၁

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသရေး၊ တိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို ရှေ့တန်းမှ သက်စွန့်ဆံဖျား အပင်အပန်းခံ ကြိုးပမ်းနေကြသည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများ အသုံးပြုနိုင်ရန်အတွက် နှာခေါင်းစည်း (Face Mask) များနှင့် ရောဂါကာကွယ်ရေးဝတ်စုံဖြစ်သည့် PPE (Personal Protective Equipment) များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများ၊ မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဖြန့်ချီလှူဒါန်းလျှက်ရှိသည်။

ထိုသို့လှူဒါန်းမှုအစီအစဉ်၏ နဝမမြောက်နေ့အဖြစ် ယနေ့  ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးတွင် ညအသုံးပြုရန်အတွက် နာခေါင်းစည်း (Face Mask) နှင့် PPE များကို ပါတီမှတာဝန်ရှိသူများက သွားရောက်လှူဒါန်းကြသည်။

ထိုသို့လှူဒါန်းရာတွင် ဆေးရုံမှာ တာဝန်ရှိသူ ဆရာဝန်များက ဝမ်းမြောက်ဝမ်းသာ လက်ခံရယူကြကြောင်း သတင်းရရှိသည်။

Share.

About Author

Comments are closed.