fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

တောင်ဥက္ကလာပမြို့နယ်နှင့်လသာမြို့နယ်များတွင် ပိုးသတ်ဆေးဖျန်းလုပ်ငန်းများဆောင်ရွက်

0

ရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ကိုဗစ်-၁၉ ပိုးကူးစက်ပျံ့နှံ့မှု ကာကွယ်ရေးအတွက် မြို့နယ်များတွင် ကာကွယ်ဆေးဖျန်းခြင်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၂၆ ရက် နံနက်ပိုင်းတွင်ရန်ကုန်တိုင်းစည်းရုံးရေးတာဝန်ခံ ဦးတင်မောင်ဦး သည် ကာကွယ် ဆေးဖျန်းအဖွဲ့နှင့်အတူ အနောက်ပိုင်းခရိုင် လသာမြို့နယ်မှ မြို့နယ်တာဝန်ခံနှင့်ပါတီဝင်များလိုက်ပါပြီး လသာမြို့နယ်အတွင်းရှိလမ်းများ၊ အဆောက်အဦများတွင် ကူးစက်ရောဂါ ကာကွယ်ရန် ပိုးသက်ဆေးဖျန်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးဖျန်းအဖွဲ့သည် ဧပြီလ ၂၅ ရက်ကလည်းတောင်ဥက္ကလာပမြို့နယ်တွင်း လမ်းများ၊ အဆောက်အဦများနှင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတို့တွင်လည်းကာကွယ်ဆေးဖြန်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

Share.

About Author

Comments are closed.