fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

တောင်သူလယ်သမားတွေချမ်းသာမှ နိုင်ငံချမ်းသာမည်ဟု သူရဦးရွှေမန်းပြောကြား

0

ညောင်လေးပင် ဇန်နဝါရီ ၁၀

တောင်သူလယ်သမားများ အဆင်မပြေလျှင် တစ်နိုင်ငံလုံး အဆင်မပြေဖြစ်မည်၊ တောင်သူလယ်သမားများ ချမ်းသာမှ နိုင်ငံချမ်းသာမည်ဟု ညောင်လေးပင်မြို့နယ်၊ ဇီးကုန်းကြီးကျေးရွာမှ ပါတီဝင်များနှင့်တွေ့ဆုံစဉ် သူရဦးရွှေမန်းက ယနေ့ပြောကြားသည်။

“ကျွန်တော် ခရီးတွေသွားတဲ့အခါမှာ နီးစပ်ရာ ဆိုင်လေးတွေ ဝင်မေးတယ်။ ထမင်းဆိုင်တွေ ဝင်မေးတယ်။ ဈေးဆိုင်တွေ ဝင်မေးတယ်။ သူတို့ပြောကြတယ်။ အရင်လိုရောင်းမကောင်းဘူး။ အရင်က ဘယ်လောက်ရပါတယ်။ အခုဘယ်လောက်ရပါတယ်။ ဘာဖြစ်လို့လည်း ဆက်မေးတယ်။ လယ်သမား အဆင်မပြေလို့ ဆိုပြီးသူတို့ဖြေကြတယ်။ ဒါနဲ့ပြန်မေးတယ်။ လယ်သမား အဆင်မပြေတာနဲ့ ခင်ဗျားတို့ ရောင်းမကောင်းတာနဲ့ ဘာဆိုင်သလဲ ဆိုပြီးမေးတယ်။ အများစု ဝယ်တဲ့သူတွေက လယ်သမားတွေဖြစ်လို့ သူတို့ဝယ်မှ ကျွန်တော်တို့၊ ကျွန်မတို့ ရောင်းရတယ်လို့ ဖြေကြတယ်။”

“ဒါနဲ့ကျွန်တော်မရပ်ဘူး။ ရွှေဆိုင်တွေကို တွေ့တဲ့အခါလည်း ရောင်းလို့ ကောင်းရဲ့လား မေးကြည့်တယ်။ အဆင်ပြေကြလား မေးကြည့်တယ်။ ရောင်းမကောင်းဘူး။ ပြန်ပဲသိမ်းနေရတယ်လို့ ဖြေကြတယ်။ အဲဒါမရှင်းလို့ ပြန်သိမ်းတယ်ဆိုတာ ဘာကိုဆိုလိုတာလဲလို့ မေးကြည့်တဲ့အခါ ရောင်းထားပြီးသား ရွှေထည်တွေကို ပြန်လာရောင်းလို့ ဘောင်ချာနဲ့ ဆိုတော့ ပြန်လက်ခံရတယ် လို့ပြောတယ်။ တချို့က ပြောတယ်။ အခုနောက်ပိုင်းဆို ပြန်ဝယ်ဖို့ ငွေတောင် သိပ်မရှိတော့ ဘူး ဆိုပြီးပြောတယ်။”

“ဒီအတိုင်းပဲ တောင်သူလယ်သမားတွေနဲ့ တွေ့တော့လည်း မေးတဲ့အခါ စပါးစိုက်တဲ့သူလည်း အဆင်မပြေဘူး ညည်းကြတယ်။ ပဲစိုက်တဲ့သူတွေလည်း အဆင်မပြေဘူးပြောတယ်။ ပြောင်းစိုက်တဲ့ သူနဲ့တွေ့တော့လည်း အဆင်မပြေဘူးပဲပြောတယ်။ နောက် ကြံစိုက်တဲ့ တောင်သူတွေလည်း ဒီအတိုင်းပဲ။ မွန်ပြည်နယ်တို့၊ တနင်္သာရီတိုင်းတို့က ရာဘာစိုက်တဲ့ တောင်သူတွေနဲ့ တွေ့တဲ့အခါကျတော့လည်း ရာဘာလည်း အဆင်မပြေဘူးပြောကြပြန်တယ်။”

“မန္တလေးတိုင်းထဲက မတ္တရာဘက်က တောင်သူတွေဆိုရင် ဒီနှစ်တော့ ‘နွားတက်တယ်’ ပြောကြတယ်။ ကျွန်တော်က ‘နွားတက်တယ်’ ဆိုတာ ဘာလဲမေးကြည့်တော့ စိုက်ထားတာတွေက မအောင်မြင်တော့ လူတောင်သွားမရိတ်တော့ဘဲ နွားလွှတ်ကျောင်းလိုက်တာကို ပြောတာလို့ ရှင်းပြတယ်။ ကျွန်တော်တို့ ကညွတ်ကွင်းဘက်ကျတော့ အဲဒါကို ‘တံဇဉ်လွတ်တယ်’ လို့ပြောကြတယ်။ စိုက်ထားတဲ့ စပါးတွေ မအောင်မြင်တော့ လူကသွားကိုရိတ်မနေတော့တာကိုပြောတာပေါ့။ ‘နွားတက်တယ်’ ဆိုတာနဲ့ အတူတူပေါ့။”

“အဆင်မပြေကြတော့ တောင်သူလယ်သမားတွေက အကြွေးနွံနစ်လာတာပေါ့။ ရောက်တဲ့နေရာတိုင်းလိုလို မေးကြည့်တယ်။ အကြွေးဘယ်လောက်ရှိလဲ ဆိုပြီး။ ဒီနေ့ လယ်သမားတွေ အကြွေးလွတ်တာ မရှိသလောက်ဖြစ်နေတယ်။ တချို့ဆို အကြွေး ၅ ခုလောက်တောင် ရှိနေတယ်ပြောတယ်။ အရင်ယူထားတဲ့ အကြွေးတစ်ခုကိုဆပ်ဖို့ နောက် အခြားနေရာက အကြွေးတစ်ခုထပ်ယူလိုက်နဲ့ သံသရာလည်နေတယ်လို့ ပြောကြတယ်။”

“လယ်သမားတွေ အများစုရှိတဲ့ နိုင်ငံမှာ လယ်သမားတွေ အဆင်မပြေကြတော့ နိုင်ငံလည်း ဆင်းရဲတယ်။ ကျွန်တော်တို့ တာဝန်ရှိလာရင် လယ်သမားတွေ အဆင်ပြေအောင် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်မယ်။”

“ကျွန်တော်တို့နိုင်ငံက စက်မှုနိုင်ငံမဟုတ်ဘူး။ ကိုယ်ဆီက ထုတ်နိုင်တာ ဘာမှမရှိသလောက်ပဲ။ အမှန်တကယ် အမြောက်အမြား ထုတ်လုပ်နိုင်တာဆိုလို့ လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးက ထုတ်လုပ်မှုပဲ ရှိတယ်။ ဒါကြောင့် တောင်သူတွေရဲ့ စိုက်ပျိုးထုတ်လုပ်မှုတွေ တိုးတက်အောင် လုပ်ပေးဖို့လိုတယ်။ ဒါမှ တိုင်းပြည်လည်း အဆင်ပြေလာမယ်” ဟု သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းသည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ဇီးကုန်းကြီးကျေးရွာရှိ ရပ်မိရပ်ဖများ၊ ပါတီစည်းရုံးရေးမှူးများ၊ ပါတီဝင်များအား တွေ့ဆုံရာ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) တာဝန်ခံ ဦးကျော်စန်း၊ မြို့နယ်ပါတီစည်းရုံးရေးတာဝန်ခံများနှင့် ညောင်လေးပင်မြို့နယ်အတွင်းမှ ပါတီဝင်များ စုံလင်စွာတက်ရောက်ကြသည်ဟု သတင်းရရှိသည်။

(Zawgyi)
ေတာင္သူလယ္သမားေတြခ်မ္းသာမွ ႏိုင္ငံခ်မ္းသာမည္ဟု သူရဦးေရႊမန္းေျပာၾကား
———————————
ေညာင္ေလးပင္ ဇန္နဝါရီ ၁၀

ေတာင္သူလယ္သမားမ်ား အဆင္မေျပလ်ွင္ တစ္ႏိုင္ငံလံုး အဆင္မေျပျဖစ္မည္၊ ေတာင္သူလယ္သမားမ်ား ခ်မ္းသာမွ ႏိုင္ငံခ်မ္းသာမည္ဟု ေညာင္ေလးပင္ၿမိဳ႔နယ္၊ ဇီးကုန္းႀကီးေက်းရြာမွ ပါတီဝင္မ်ားႏွင့္ေတြ့ဆံုစဉ္ သူရဦးေရႊမန္းက ယေန့ေျပာၾကားသည္။

“ကြၽန္ေတာ္ ခရီးေတြသြားတဲ့အခါမွာ နီးစပ္ရာ ဆိုင္ေလးေတြ ဝင္ေမးတယ္။ ထမင္းဆိုင္ေတြ ဝင္ေမးတယ္။ ေဈးဆိုင္ေတြ ဝင္ေမးတယ္။ သူတို႔ေျပာၾကတယ္။ အရင္လိုေရာင္းမေကာင္းဘူး။ အရင္က ဘယ္ေလာက္ရပါတယ္။ အခုဘယ္ေလာက္ရပါတယ္။ ဘာျဖစ္လို႔လည္း ဆက္ေမးတယ္။ လယ္သမား အဆင္မေျပလို႔ ဆိုၿပီးသူတို႔ေျဖၾကတယ္။ ဒါနဲ႔ျပန္ေမးတယ္။ လယ္သမား အဆင္မေျပတာနဲ႔ ခင္ဗ်ားတို႔ ေရာင္းမေကာင္းတာနဲ႔ ဘာဆိုင္သလဲ ဆိုၿပီးေမးတယ္။ အမ်ားစု ဝယ္တဲ့သူေတြက လယ္သမားေတျြဖစ္လို႔ သူတို႔ဝယ္မွ ကြၽန္ေတာ္တို႔၊ ကြၽန္မတို႔ ေရာင္းရတယ္လို႔ ေျဖၾကတယ္။”

“ဒါနဲ႔ကြၽန္ေတာ္မရပ္ဘူး။ ေရႊဆိုင္ေတြကို ေတြ့တဲ့အခါလည္း ေရာင္းလို႔ ေကာင္းရဲ့လား ေမးၾကၫ့္တယ္။ အဆင္ေျပၾကလား ေမးၾကၫ့္တယ္။ ေရာင္းမေကာင္းဘူး။ ျပန္ပဲသိမ္းေနရတယ္လို႔ ေျဖၾကတယ္။ အဲဒါမရွင္းလို႔ ျပန္သိမ္းတယ္ဆိုတာ ဘာကိုဆိုလိုတာလဲလို႔ ေမးၾကၫ့္တဲ့အခါ ေရာင္းထားၿပီးသား ေရႊထည္ေတြကို ျပန္လာေရာင္းလို႔ ေဘာင္ခ်ာနဲ႔ ဆိုေတာ့ ျပန္လက္ခံရတယ္ လို႔ေျပာတယ္။ တခ်ိဳ႕က ေျပာတယ္။ အခုေနာက္ပိုင္းဆို ျပန္ဝယ္ဖို႔ ေငြေတာင္ သိပ္မရိွေတာ့ ဘူး ဆိုၿပီးေျပာတယ္။”

“ဒီအတိုင္းပဲ ေတာင္သူလယ္သမားေတြနဲ႔ ေတြ့ေတာ့လည္း ေမးတဲ့အခါ စပါးစိုက္တဲ့သူလည္း အဆင္မေျပဘူး ညည္းၾကတယ္။ ပဲစိုက္တဲ့သူေတြလည္း အဆင္မေျပဘူးေျပာတယ္။ ေျပာင္းစိုက္တဲ့ သူနဲ႔ေတြ့ေတာ့လည္း အဆင္မေျပဘူးပဲေျပာတယ္။ ေနာက္ ႀကံစိုက္တဲ့ ေတာင္သူေတြလည္း ဒီအတိုင္းပဲ။ မြန္ျပည္နယ္တို႔၊ တနသၤာရီတိုင္းတို႔က ရာဘာစိုက္တဲ့ ေတာင္သူေတြနဲ႔ ေတြ့တဲ့အခါက်ေတာ့လည္း ရာဘာလည္း အဆင္မေျပဘူးေျပာၾကျပန္တယ္။”

“မႏၲေလးတိုင္းထဲက မတၲရာဘက္က ေတာင္သူေတြဆိုရင္ ဒီႏွစ္ေတာ့ ‘ႏြားတက္တယ္’ ေျပာၾကတယ္။ ကြၽန္ေတာ္က ‘ႏြားတက္တယ္’ ဆိုတာ ဘာလဲေမးၾကၫ့္ေတာ့ စိုက္ထားတာေတြက မေအာင္ျမင္ေတာ့ လူေတာင္သြားမရိတ္ေတာ့ဘဲ ႏြားလႊတ္ေက်ာင္းလိုက္တာကို ေျပာတာလို႔ ရွင္းျပတယ္။ ကြၽန္ေတာ္တို႔ ကၫြတ္ကြင္းဘက္က်ေတာ့ အဲဒါကို ‘တံဇဉ္လြတ္တယ္’ လို႔ေျပာၾကတယ္။ စိုက္ထားတဲ့ စပါးေတြ မေအာင္ျမင္ေတာ့ လူကသြားကိုရိတ္မေနေတာ့တာကိုေျပာတာေပါ့။ ‘ႏြားတက္တယ္’ ဆိုတာနဲ႔ အတူတူေပါ့။”

“အဆင္မေျပၾကေတာ့ ေတာင္သူလယ္သမားေတြက အေႂကြးႏြံနစ္လာတာေပါ့။ ေရာက္တဲ့ေနရာတိုင္းလိုလို ေမးၾကၫ့္တယ္။ အေႂကြးဘယ္ေလာက္ရိွလဲ ဆိုၿပီး။ ဒီေန့ လယ္သမားေတြ အေႂကြးလြတ္တာ မရိွသေလာက္ျဖစ္ေနတယ္။ တခ်ိဳ႕ဆို အေႂကြး ၅ ခုေလာက္ေတာင္ ရိွေနတယ္ေျပာတယ္။ အရင္ယူထားတဲ့ အေႂကြးတစ္ခုကိုဆပ္ဖို႔ ေနာက္ အျခားေနရာက အေႂကြးတစ္ခုထပ္ယူလိုက္နဲ႔ သံသရာလည္ေနတယ္လို႔ ေျပာၾကတယ္။”

“လယ္သမားေတြ အမ်ားစုရိွတဲ့ ႏိုင္ငံမွာ လယ္သမားေတြ အဆင္မေျပၾကေတာ့ ႏိုင္ငံလည္း ဆင္းရဲတယ္။ ကြၽန္ေတာ္တို႔ တာဝန္ရိွလာရင္ လယ္သမားေတြ အဆင္ေျပေအာင္ ေတာင္သူလယ္သမား အခြင့္အေရးကာကြယ္ေရးနဲ႔ အက်ိဳးစီးပြားျမႇင့္တင္ေရး ဥပေဒကို ထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္ေဆာင္ရြက္မယ္။”

“ကြၽန္ေတာ္တို႔ႏိုင္ငံက စက္မႈႏိုင္ငံမဟုတ္ဘူး။ ကိုယ္ဆီက ထုတ္ႏိုင္တာ ဘာမွမရိွသေလာက္ပဲ။ အမွန္တကယ္ အေျမာက္အျမား ထုတ္လုပ္ႏိုင္တာဆိုလို႔ လယ္ယာစိုက္ပ်ိဳးေရးနဲ႔ ေမြးျမဴေရးက ထုတ္လုပ္မႈပဲ ရိွတယ္။ ဒါေၾကာင့္ ေတာင္သူေတြရဲ့ စိုက္ပ်ိဳးထုတ္လုပ္မႈေတြ တိုးတက္ေအာင္ လုပ္ေပးဖို႔လိုတယ္။ ဒါမွ တိုင္းျပည္လည္း အဆင္ေျပလာမယ္” ဟု သူရဦးေရႊမန္းက ဆက္လက္ေျပာၾကားသည္။

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီေခါင္းေဆာင္ သူရဦးေရႊမန္းသည္ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ ၁၀ ရက္ေန့၊ နံနက္ပိုင္းတြင္ ပဲခူးတိုင္းေဒသႀကီး၊ ေညာင္ေလးပင္ၿမိဳ႔နယ္၊ ဇီးကုန္းႀကီးေက်းရြာရိွ ရပ္မိရပ္ဖမ်ား၊ ပါတီစည္းရံုးေရးမွဴးမ်ား၊ ပါတီဝင္မ်ားအား ေတြ့ဆံုရာ ပဲခူးတိုင္းေဒသႀကီး (အေရ႔ွပိုင္း) တာဝန္ခံ ဦးေက်ာ္စန္း၊ ၿမိဳ႔နယ္ပါတီစည္းရံုးေရးတာဝန္ခံမ်ားႏွင့္ ေညာင္ေလးပင္ၿမိဳ႔နယ္အတြင္းမွ ပါတီဝင္မ်ား စံုလင္စြာတက္ေရာက္ၾကသည္ဟု သတင္းရရိွသည္။

             

Share.

About Author

Comments are closed.