နေပြည်တော် ဧပြီ ၁၂ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသရေး၊ တိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို ရှေ့တန်းမှ သက်စွန့်ဆံဖျား အပင်အပန်းခံ ကြိုးပမ်းနေကြသည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအသုံးပြုနိုင်ရန်အတွက် နှာခေါင်းစည်း (Face Mask) များနှင့် ရောဂါကာကွယ်ရေး ဝတ်စုံဖြစ်သည့် PPE (Personal Protective Equipment) များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများ၊ မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဖြန့်ချီလှူဒါန်းလျှက်ရှိသည်။
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ၁၂ရက်နေ့၌တောင်တွင်းကြီးမြို့ ပြည်သူ့ဆေးရုံ၊ ကိုးပင်တိုက် တိုက်နယ်ဆေးရုံ၊ ကုက္ကိုကုန်းတိုက်နယ်ဆေးရုံ၊ ကံပေးကြီးကျေးရွာ၊ အနန္တမေတ္တာ လူမှု့ကူညီရေးအသင်း၊ ပရပ်ကြယ်လူမှု့ကူညီရေးအသင်း၊ တောင်တွင်းကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ ပရပ်ကြယ်ရဲစခန်းနှင့်ဆက်သွားရဲစခန်းများတွင် အသုံးပြုရန်အတွက် နှာခေါင်းစည်း (Face Mask) များနှင့် ရောဂါကာကွယ်ရေးဝတ်စုံ PPE (Personal Protective Equipment) များကို ပါတီမှ တာဝန်ရှိသူများက သွားရောက်လှူဒါန်းကြသည်။
ထိုသို့လှူဒါန်းရာတွင် တောင်တွင်းကြီးမြို့နယ် ဆေးရုံအုပ်ကြီးဒေါက်တာ ကြည်ကြည်မာနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုး ဦးအောင်မြင့်၊ လူမှု့ကူညီရေးအသင်းများမှ တာဝန်ရှိသူများနှင့် ရဲစခန်းအသီးသီးမှ တာဝန်ရှိသူများက ဝမ်းမြောက်စွာ လက်ခံကြကြောင်း သတင်းရရှိသည်။
