fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

တာဝန်ယူ၊ တာဝန်ခံရုံမျှဖြင့် မလုံ​လောက်ဘဲ တာဝန်ကျေရန် လိုအပ်ကြောင်း သူရဦးရွှေမန်းပြောကြား

0

(Unicode)

ဖောင်းပြင် ဒီဇင်ဘာ ၂၃

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆောင်ရွက်ရာတွင် တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်သည်ဆိုရုံမျှဖြင့် မလုံ​လောက်ဘဲ တာဝန်ကျေပွန်ရန် လိုအပ်ကြောင်း ဖောင်းပြင်မြို့နယ်ရှိ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဝင်များနှင့် တွေ့ဆုံစဉ် သူရဦးရွှေမန်းက ယနေ့ပြောကြားသည်။

မိမိတာဝန်ထမ်းဆောင်သည့် သမိုင်းမှတ်တမ်းကို လေ့လာကြည့်နိုင်ပါကြောင်း၊

ပေးအပ်သည့် တာဝန်ကို တာဝန်ယူ၊ တာဝန်ခံရုံမျှသါမကဘဲ တာဝန်ကျေပွန်အောင် ဆောင်ရွက်ခဲ့သည်သာ ဖြစ်ပါကြောင်း၊

တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ် နိုင်ငံလုံခြုံရေး၊့ကာကွယ်ရေးနှင့်နိုင်ငံတည်ဆောက်ရေးတာဝန်တို့ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ပါကြောင်း၊

လွတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခံရသည့် အခါတွင်လည်း ယခင်က လွတ်တော်အတွေ့အကြုံ လုံးဝမရှိသည့် အခြေအနေမှ လွှတ်တော်ကြီးအား နိုင်ငံတကာက ချီးကျူးအသိအမှတ်ပြုခံရသည်အထိ အသက်ဝင်အောင် ပြည်သူကိုကိုယ်စားပြုပြီး ပြည်သူကိုမျက်နှာမူကာ ​ပေးအပ်လာသည့် တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊

အထူးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်လာသည့် အခါတွင်လည်း တစ်ဦး၊ တစ်ဖွဲ့၏ အကျိုးထက် နိုင်ငံတော်နှင့် ပြည်သူအကျိုးစီးပွားကိုသာ တည့်တည့်ကြည့်၍ တာဝန်ကျေပွန်အောင် ဆောင်ရွက်ခဲ့ပါကြောင်း၊

တာဝန်ယူ၊ တာဝန်ခံသည်ဟု အချို့ကပြောနေကြသော်လည်း အကယ်၍ တာဝန်မကျေပါက နစ်နာဆုံးရှုံးသည့်အခါ ယင်းတို့မဟုတ်ဘဲ ပြည်သူများနှင့် နိုင်ငံတော်ပဲ ဆုံးရှံးနစ်နာ ရပါကြောင်း၊

ထို့ကြောင့်တာဝန်ယူ၊ တာဝန်ခံပါသည််ဆိုရုံမျှနှင့်မရပါကြောင်း၊ တာဝန်ကျေပွန်ရန် အရေးကြီးပါကြောင်း သူရဦးရွှေမန်းက ဆက်လက် ရှင်းလင်းပြောကြားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်ပါတီယာယီစည်းရုံးရေးတာဝန်ခံများအား တွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပါတီဌာနချုပ်မှ ဦးတင်ထွန်းအောင်၊ ပါတီဗဟိုအမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မြမြဖြိုး၊ စစ်ကိုင်းဒေသကြီး ပါတီယာယီစည်းရုံးရေးတာဝန်ခံ ဦးစောလှထွန်း၊ ဖောင်းပြင်မြို့နယ််ပါတီယာယီစည်းရုံးရေးတာဝန်ခံနှင့် မြို့နယ်ပါတီယာယီစည်ရုံးရေးကော်မတီဝင်များ တက်ရောက်ကြသည်။

(Zawgyi)

ေဖာင္းျပင္ ဒီဇင္ဘာ ၂၃

နိုင္ငံ့အက်ိဳး၊ ျပည္သူ႕အက်ိဳးကို ေဆာင္႐ြက္ရာတြင္ တာဝန္ယူ၊ တာဝန္ခံေဆာင္ရြက္သည္ဆိုရံုမ်ွျဖင့္ မလုံ​ေလာက္ဘဲ တာဝန္ေက်ပြန္ရန္ လိုအပ္ေၾကာင္း ေဖာင္းျပင္ၿမိဳ႕နယ္ရွိ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီဝင္မ်ားႏွင့္ ေတြ႕ဆုံစဥ္ သူရဦးေ႐ႊမန္းက ယေန႕ေျပာၾကားသည္။

မိမိတာဝန္ထမ္းေဆာင္သည့္ သမိုင္းမွတ္တမ္းကို ေလ့လာျကည့္နိုင္ပါေၾကာင္း၊

ေပးအပ္သည့္ တာဝန္ကို တာဝန္ယူ၊ တာဝန္ခံ႐ုံမ်ွသါမကဘဲ တာဝန္ေက်ပြန္ေအာင္ ေဆာင္႐ြက္ခဲ့သည္သာ ျဖစ္ပါေၾကာင္း၊

တပ္မေတာ္တြင္ တာဝန္ထမ္းေဆာင္စဥ္ နိုင္ငံလုံျခံုေရး၊့ကာကြယ္ေရးနွင့္နိုင္ငံတည္ေဆာက္ေရးတာဝန္တို့ကို ေက်ပြန္ေအာင္ ထမ္းေဆာင္ခဲ့ပါေၾကာင္း၊

လြတ္ေတာ္ဥကၠ႒အျဖစ္ တာဝန္ေပးအပ္ခံရသည့္ အခါတြင္လည္း ယခင္က လြတ္ေတာ္အေတြ႕အႀကဳံ လုံးဝမရွိသည့္ အေျခအေနမွ လႊတ္ေတာ္ႀကီးအား နိုင္ငံတကာက ခ်ီးက်ဴးအသိအမွတ္ျပဳခံရသည္အထိ အသက္ဝင္ေအာင္ ျပည္သူကိုကိုယ္စားျပုျပီး ျပည္သူကိုမ်က္ႏွာမူကာ ​ေပးအပ္လာသည့္ တာဝန္ကို ေက်ပြန္ေအာင္ ေဆာင္႐ြက္နိုင္ခဲ့ပါေၾကာင္း၊

အထူးေကာ္မရွင္ ဥကၠ႒အျဖစ္ တာဝန္ေပးအပ္လာသည့္ အခါတြင္လည္း တစ္ဦး၊ တစ္ဖြဲ႕၏ အက်ိဳးထက္ နိုင္ငံေတာ္ႏွင့္ ျပည္သူအက်ိဳးစီးပြားကိုသာ တည့္တည့္ၾကည့္၍ တာဝန္ေက်ပြန္ေအာင္ ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊

တာဝန္ယူ၊ တာဝန္ခံသည္ဟု အခ်ို့ကေျပာေနၾကေသာ္လည္း အကယ္၍ တာဝန္မေက်ပါက နစ္နာဆုံးရႈံးသည့္အခါ ယင္းတို႔မဟုတ္ဘဲ ျပည္သူမ်ားႏွင့္ နိုင္ငံေတာ္ပဲ ဆုံးရွံးနစ္နာ ရပါေၾကာင္း၊

ထို႔ေၾကာင့္တာဝန္ယူ၊ တာဝန္ခံပါသည္္ဆို႐ံုမ်ွနွင့္မရပါေၾကာင္း၊ တာဝန္ေက်ပြန္ရန္ အေရးႀကီးပါေၾကာင္း သူရဦးေ႐ႊမန္းက ဆက္လက္ ရွင္းလင္းေျပာၾကားသည္။

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၏ေခါင္းေဆာင္ သူရဦးေ႐ႊမန္းသည္ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၂၃ ရက္ေန႕၊ နံနက္ပိုင္းတြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေဖာင္းျပင္ၿမိဳ႕နယ္ပါတီယာယီစည္း႐ုံးေရးတာဝန္ခံမ်ားအား ေတြ႕ဆုံသည္။ အဆိုပါေတြ႕ဆုံပြဲသို႔ ပါတီဌာနခ်ဳပ္မွ ဦးတင္ထြန္းေအာင္၊ ပါတီဗဟိုအမ်ိဳးသမီးေရးရာအဖြဲ႕ဝင္ ေဒၚျမျမၿဖိဳး၊ စစ္ကိုင္းေဒသႀကီး ပါတီယာယီစည္း႐ုံးေရးတာဝန္ခံ ဦးေစာလွထြန္း၊ ေဖာင္းျပင္ၿမိဳ႕နယ္္ပါတီယာယီစည္း႐ုံးေရးတာဝန္ခံႏွင့္ ၿမိဳ႕နယ္ပါတီယာယီစည္႐ုံးေရးေကာ္မတီဝင္မ်ား တက္ေရာက္ၾကသည္။

               

Share.

About Author

Comments are closed.