fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

တပ်ကုန်းပြည်သူဆေးရုံနှင့်ရွှေမြို့တိုက်နယ်ဆေးရုံသို့ နှာခေါင်းစည်းများနှင့်PPEဝတ်စုံများသွားရောက်လှူဒါန်း

0

နေပြည်တော် ဧပြီ ၁၁
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသရေး၊ တိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို ရှေ့တန်းမှ သက်စွန့်ဆံဖျား အပင်အပန်းခံ ကြိုးပမ်းနေကြသည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအသုံးပြုနိုင်ရန်အတွက် နှာခေါင်းစည်း (Face Mask) များနှင့် ရောဂါကာကွယ်ရေး ဝတ်စုံဖြစ်သည့် PPE (Personal Protective Equipment) များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများ၊ မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဖြန့်ချီလှူဒါန်းလျှက်ရှိသည်။

၂၀၂၀ပြည့်နှစ် ဧပြီလ ၁၁ရက်နေ့ ၌ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံနှင့်ရွှေမြို့တိုက်နယ်ဆေးရုံတို့တွင် အသုံးပြုရန်အတွက် နှာခေါင်းစည်းနှင့် PPE ဝတ်စုံများကို ပါတီမှတာဝန်ရှိသူများအား ဆေးရုံအရောက် သွားရောက်လှူဒါန်းကြသည်။

ထိုသို့လှူဒါန်းရာတွင်ဒေါက်တာ‌သက်ဝါ‌ဆွေ၊ ဒေါက်တာအောင်ဆန်းဝင်းတို့က ဝမ်းမြောက်ဝမ်းသာ လက်ခံရယူကြောင်း သတင်းရရှိသည်။

Share.

About Author

Comments are closed.