fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ဆောင်ရွက်ချက်များအပေါ် တာဝန်ယူတာဝန်ခံနိုင်ပြီး စမ်းသပ်စစ်ဆေးခံနိုင်ကြောင်း၊ ပိုင်ဆိုင်မှုကို ကြေညာနိုင်ကြောင်း သူရဦးရွှေမန်း ပြောကြား

0

မြောင်းမြ မေ ၁၆ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ပါတီဝင်အဖြစ် လျှောက်ထားကြသူများမှ အဆိုပြုလွှာပေးအပ်ပွဲနှင့် လူထုတွေ့ဆုံပွဲကို ၂၀၁၉ ခုနှစ် မေလ ၁၆ ရက် နေ့လယ် ၃ နာရီတွင် မြောင်းမြမြို့ ဖူဂျီ – ၂ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်း၊ ပါတီမှ တာဝန်ရှိသူများ၊ မြောင်းမြမြို့နယ်၊ လပွတ္တာမြို့နယ်၊ အိမ်မဲမြို့နယ်နှင့် ဝါးခယ်မမြို့နယ်တို့ရှိ ပါတီဝင်အဖြစ် အဆိုပြုလွှာပေးအပ်မည့်သူများ၊ ၊ မြို့နယ် ၄ မြို့နယ်မှ ရပ်မိရပ်ဖများ၊ လူမှုအဖွဲ့အစည်းများနှင့် ပါတီကို လေ့လာလိုသူများ တက်ရောက်ခဲ့ကြသည်။

မိမိအနေဖြင့် ဆောင်ရွက်ချက်များအားလုံးကို ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိပြီး အစမ်းသပ်ခံနိုင်၊ အစစ်ဆေးခံနိုင်ကြောင်း၊ မိမိ၏ ပိုင်ဆိုင်မှုကို အချိန်မရွေး ကြေညာနိုင်ကြောင်း၊ ကြေညာရန်လည်း အသင့်ရှိကြောင်းတို့ကို ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ယနေ့ လူထုတွေ့ဆုံပွဲတွင် ထည့်သွင်းပြောကြားလိုက်သည်။ ထို့နောက် မြို့နယ်ကိုယ်စား လှယ်များက ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းထံ အဆိုပြုလွှာများ ပေးအပ်ခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် တက်ရောက်လာသူများက တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ဒေသ၏ စီးပွားရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေအနေ၊ ဒေသဖွံ့ဖြိုးရေး၊ ပါတီစည်းရုံးရေးနှင့် ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအကြံပြုကြပြီး ပါတီခေါင်းဆောင် သူရဦးရွှေမန်း ကလည်း ပြန်လည်ရှင်းလင်း ဆွေးနွေးကြောင်း သိရှိရပါသည်။

Share.

About Author

Leave A Reply