

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ပြည်သူများသောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိရာ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက အခက်အခဲဖြစ်ပေါ်နေသည့် ရပ်ကွက်များသို့ သောက်သုံးရေများကို ရေသယ် ယာဉ်များဖြင့် လှူဒါန်းပေးလျက်ရှိသည်။
မေလ (၁၈) ရက် နေ့လည်ပိုင်းတွင် မြို့နယ်ပါတီစည်းရုံးရေးတာဝန်ခံ ဦးအောင်သူနှင့်ပါတီဝင်များသည် ဦးထွန်းအုံ ရပ်ကွက်၊ ခနောင်တိုအရှေ့ပိုင်းမြို့သစ် ၁ ရပ်ကွက်နှင့်ဆိပ်ကြီးအနောက်ရှိအိမ်ထောင်စုပေါင်း ၇၀၀၀ အတွက် သောက်သုံး ရေများကို လှူဒါန်းခဲ့ကြောင်းသိရသည်။ မြို့နယ်ပါတီ၏ ပြည်သူများအတွက် သောက်သုံးရေလှူဒါန်းခြင်း ကို မေလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ဆက်လက်လှူဒါန်းမည်ဖြစ်သည်။