fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

စီးပွားရေးကောင်းမွန်အောင် ဆောင်ရွက်ခြင်းမှတစ်ဆင့် တရားရေးမဏ္ဍိုင်ပိုမိုကြံ့ခိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေးပိုမိုအားကောင်းစေရန်အတွက် ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဟု သူရဦးရွှေမန်းပြောကြား

0

(Unicode)

ဒီပဲယင်း ဒီဇင်ဘာ ၁၉

တရားဥပဒေစိုးမိုးရန်၊ တရားရေးမဏ္ဍိုင်ကြံ့ခိုင်ရန်တို့ကို တရားရေးအဖွဲ့တစ်ခုတည်းဖြင့် အပြည့်အဝ မဆောင်ရွက်နိုင်ပါကြောင်း၊ တရားစွဲအဖွဲ့အစည်းများ၊ ဥပဒေပညာရှင်များ၊ အုပ်ချုပ်ရေးအာဏာပိုင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့်မှန်ကန်စွာရပ်တည်ဆောင်ရွက်မှုသည် လွန်စွာအရေးကြီးပါကြောင်း၊ သက်သေခံအထောက်အထားနှင့်ထွက်ဆိုချက်များသည် မှန်ကန်တိကျပြီး တရားမျှတမှုအတွက် အထောက်အကူပြုရန် လိုအပ်ပါကြောင်း တန့်ဆည်နှင့်ဒီပဲယင်းမြို့နယ်တို့မှ
မြို့နယ်ပါတီယာယီစည်းရုံးရေးကော်မတီဝင်များ
နှင့်တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားသည်။

တရားရေးဝန်ထမ်းများ၊ တရားစွဲအဖွဲ့အစည်းများအပါအဝင် နိုင်ငံ့ဝန်ထမ်းများသည် ကိုယ့်ဂုဏ်ကိုယ့်သိက္ခာဖြင့် နေနိုင်၊ စားနိုင်သည့်အဆင့် မရှိသေးသည့်အတွက် အဂတိလိုက်စားမှုများပြားသည့် အခြေအနေမျိုးဖြစ်ပေါ်နေပါကြောင်း၊ ထို့ကြောင့်ယင်းကိစ္စရပ်များကိုဖြေရှင်းမည်ဆိုလျှင် နိုင်ငံသားများ၊ ပြည်သူများ၏ စားရေး၊ နေရေး၊ ဝတ်ရေး အခြေအနေတို့ကိုကောင်းမွန်အောင် ဦးစွာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံ့ဝန်ထမ်းများ ကိုယ့်ဂုဏ်သိက္ခာနှင့်အညီ နေနိုင်၊ စားနိုင်အောင်လည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယင်းနောက် နိုင်ငံကိုချစ်သည့်စိတ်၊ လူမျိုးကိုချစ်သည့်စိတ်တို့အပြင် စည်းကမ်းလိုက်နာသည့်စိတ်များ ဖြစ်ပေါ်အောင်လည်း ပြုစုပျိုးထောင်ရမည် ဖြစ်ပါကြောင်း၊ အလားတူ ပညာရေးဘက်ကတစ်ဆင့် မြှင့်တင်ပေးရမည့်အပိုင်းများလည်း ရှိပါကြောင်း၊ တစ်နည်းအားဖြင့် ပြည်သူများက မိမိတို့ကို တာဝန်ပေးအပ်လာပါက တရားဥပဒေစိုးမိုးရေးနှင့် တရားရေးမဏ္ဍိုင်ကြံ့ခိုင်ရေးကိစ္စများကို စီးပွားရေးမှတစ်ဆင့် ဖြေရှင်းဆောင်ရွက်သွားမည်ဟု သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။

ယနေ့နိုင်ငံတော်တွင် အဂတိလိုက်စားမှုများမှာ မပပျောက်ဘဲ တနေ့တခြားပိုဆိုးလာနေသည့်အတွက် အချို့နေရာမှာတွင် လုံခြုံမှုလျော့နည်းပြီး စိုးရိမ်စရာတွေ ရှိနေကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုကောင်းကျိုးပါတီအား ပြည်သူများက တာဝန်ပေးအပ်မည်ဆိုပါက တရားရေးမဏ္ဍိုင်ခိုင်မာအားကောင်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စများကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို သိရှိလိုပါကြောင်း ပါတီဝင်တစ်ဦး၏ မေးမြန်းမှုကို သူရဦးရွှေမန်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် ဒီပဲရင်းမြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့ရှိ ပါတီယာယီစည်းရုံးရေးတာဝန်ခံများအား သီးခြားစီတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်ပါတီယာယီစည်းရုံးရေးတာဝန်ခံများ၊ မြို့နယ်ပါတီယာယီစည်ရုံးရေးကော်မတီဝင်များနှင့် ပါတီဝင်အချို့ တက်ရောက်ကြသည်။

(Zawgyi)

ဒီပဲယင်း ဒီဇင်ဘာ ၁၉

တရားဥပဒေစိုးမိုးရန်၊ တရားရေးမဏ္ဍိုင် ကြံ့ခိုင်ရန်တို့ကို တရားရေးအဖွဲ့တစ်ခုတည်းဖြင့် အပြည့်အဝ မဆောင်ရွက်နိုင်ပါကြောင်း၊ တရားစွဲအဖွဲ့အစည်းများ၊ ဥပဒေပညာရှင်များ၊ အုပ်ချုပ်ရေးအာဏာပိုင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် မှန်ကန်စွာ ရပ်တည်ဆောင်ရွက်မှုသည် လွန်စွာအရေးကြီးပါကြောင်း၊ သက်သေခံ အထောက်အထားနှင့် ထွက်ဆိုချက်မျာသည် မှန်ကန်တိကျပြီး တရားမျှတမှုအတွက် အထောက်အကူပြုရန် လိုအပ်ပါကြောင်း တန့်ဆည်နှင့် ဒီပဲယင်းမြို့နယ်တို့မှ မြို့နယ်ပါတီယာယီစည်းရုံးရေး ကော်မတီဝင်များနှင့် တွေ့ဆုံရာတွင် သူရဦးရွှေမန်းက ထည့်သွင်းပြောကြားသည်။

တရားရေးဝန်ထမ်းများ၊ တရားစွဲအဖွဲ့အစည်းများအပါအဝင် နိုင်ငံ့ဝန်ထမ်းများသည် ကိုယ့်ဂုဏ်ကိုယ့်သိက္ခာဖြင့် နေနိုင်၊ စားနိုင်သည့်အဆင့် မရှိသေးသည့်အတွက် အဂတိလိုက်စားမှုများပြားသည့် အခြေအနေမျိုးဖြစ်ပေါ်နေပါကြောင်း၊ ထို့ကြောင့်ယင်းကိစ္စရပ်များကိုဖြေရှင်းမည်ဆိုလျှင် နိုင်ငံသားများ၊ ပြည်သူများ၏ စားရေး၊ နေရေး၊ ဝတ်ရေး အခြေအနေတို့ကိုကောင်းမွန်အောင် ဦးစွာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံ့ဝန်ထမ်းများ ကိုယ့်ဂုဏ်သိက္ခာနှင့်အညီ နေနိုင်၊ စားနိုင်အောင်လည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယင်းနောက် နိုင်ငံကိုချစ်သည့်စိတ်၊ လူမျိုးကိုချစ်သည့်စိတ်တို့အပြင် စည်းကမ်းလိုက်နာသည့်စိတ်များ ဖြစ်ပေါ်အောင်လည်း ပြုစုပျိုးထောင်ရမည် ဖြစ်ပါကြောင်း၊ အလားတူ ပညာရေးဘက်ကတစ်ဆင့် မြှင့်တင်ပေးရမည် အပိုင်းများလည်း ရှိပါကြောင်း၊ တစ်နည်းအားဖြင့် ပြည်သူများက မိမိတို့ကို တာဝန်ပေးအပ်လာပါက တရားဥပဒေစိုးမိုးရေးနှင့် တရားရေးမဏ္ဍိုင်ကြံ့ခိုင်ရေးကိစ္စများကို စီးပွားရေးမှတစ်ဆင့် ဖြေရှင်းဆောင်ရွက်သွားမည်ဟု သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။

ယနေ့ နိုင်ငံတော်တွင် အဂတိလိုက်စားမှုများမှာ မပပျောက်ဘဲ တစ်နေ့တခြားပိုဆိုးလာသည့်အတွက် အချို့နေရာများတွင် လုံခြုံမှုလျော့နည်းလာနေပြီး စိုးရိမ်စရာတွေရှိနေကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုကောင်းကျိုးပါတီအား ပြည်သူများက တာဝန်ပေးအပ်မည်ဆိုပါက တရားရေးမဏ္ဍိုင်ခိုင်မာအားကောင်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စများကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို သိရှိလိုပါကြောင်း ပါတီဝင်တစ်ဦး၏ မေးမြန်းမှုကို သူရဦးရွှေမန်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်းဖြစ်သည်။


Share.

About Author

Comments are closed.