fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

စလင်းမြို့နယ်အတွင်းရှိဆေးရုံများသို့ နှာခေါင်းစည်း (Face Mask) နှင့် PPE ဝတ်စုံများသွားရောက်လှူဒါန်း

0

စလင်း ဧပြီ ၇

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသရေး၊ တိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို ရှေ့တန်းမှ သက်စွန့်ဆံဖျား အပင်အပန်းခံ ကြိုးပမ်းနေကြသည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများ အသုံးပြုနိုင်ရန်အတွက် နှာခေါင်းစည်း (Face Mask) များနှင့် ရောဂါကာကွယ်ရေးဝတ်စုံဖြစ်သည့် PPE (Personal Protective Equipment) များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများ၊ မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဖြန့်ချီလှူဒါန်းလျှက်ရှိသည်။

ထိုသို့လှူဒါန်းမှုအစီအစဉ်၏ ဆဋ္ဌမမြောက်နေ့အဖြစ် ယနေ့  ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၇ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်းရှိ စလင်းပြည်သူ့ဆေးရုံ၊ ဆင်ဖြူကျွန်းမြို့နယ်ခွဲ ပြည်သူ့ဆေးရုံ၊ ကံပြားတိုက်နယ်ဆေးခန်း၊ တညောင်တိုက်နယ်ဆေးရုံ၊ လင်းဇင်းတိုက်နယ်ဆေးရုံနှင့် သရက်တောတိုက်နယ်ဆေးရုံ တို့ထံသို့ ပါတီမှတာဝန်ရှိသူများ ဆေးရုံအရောက် သွားရောက်လှူဒါန်းကြသည်။

ထိုသို့လှူဒါန်းရာတွင် ဆေးရုံမှ  တာဝန်ရှိ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက ဝမ်းမြောက်ဝမ်းသာ လက်ခံရယူကြကြောင်း သတင်းရရှိသည်။

Share.

About Author

Comments are closed.