


ခရမ်းမြို့နယ် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကူညီ ဆောင်ရွက်နေရာ ကျွဲဒလင်းကျေးရွာ ကိုယ့်အားကိုယ့်ကိုးလမ်းခင်းရာတွင် အသုံးပြုရန်အတွက် အလှူငွေကျပ်တစ်သိန်းကို ခရိုင်နှင့်မြို့နယ်ပါတီမှတာဝန်ရှိသူများသည် မေလ ၁၅ ရက်နံနက်ပိုင်းက မြို့နယ်ပါတီရုံးတွင် ကျေးရွာပါတီတာဝန်ခံသို့ ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ စွယ်ကတောကျေးရွာတွင် သောက်ရေအခက်အခဲနှင့် အခြားလိုအပ်သည်များကို ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ပါတီအတွင်းရေးမှူးက ကျေးရွာပါတီတာဝန်ခံ ထံသို့အလှူငွေပေးအပ်ခဲ့ပြီးနောက် သောက်ရေသန့်အခက်အခဲဖြစ် နေသည့် ပိန်းကန်စံပြကျေးရွာနှင့် မကျီးကန်ကျေးရွာများတွင် သက်ဆိုင်ရာကျေးရွာပါတီတာဝန်ခံများ၊ ပါတီဝင်များနှင့်အတူ သောက်ရေသန့်ဘူးများလှူဒါန်းခဲ့ကြောင်းသိရသည်။