fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပိုးသတ်ဆေးဖျန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

0

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကောင်ကျိုးဆောင်ပါတီ အရှေ့ပိုင်းခရိုင်တာဝန်ခံ
ဦးလှမိုးကျော်နှင့်ပါတီဝင်များပါဝင်သည့် ပိုးသတ်ဆေးဖျန်းအဖွဲ့သည် မြို့နယ်များတွင်
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပိုးသတ်ဆေးဖျန်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါအဖွဲ့သည် ဧပြီလ ၂၄ ရက် နံနက် ၇ နာရီခွဲမှစတင်ပြီး ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်)
တာဝန်ခံနှင့် ကော်မတီဝင်များ၊ ရပ်ကွက်တာဝန်ခံများနှင့်ပူးပေါင်း၍ ဒဂုံမြို့သစ် (ဆိပ်ကမ်း
 မြို့နယ်) အတွင်းရှိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးရုံးနှင့်
ဝန်ထမ်းအိမ်ရာများ၊ မြို့နယ်တရားရုံး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး
ဦးစီးဌာနရုံးနှင့် ရပ်ကွက်အမှတ် ၈၉ ၊ ၉၂၊ ၉၃ အတွင်းရှိလမ်းများအား ပိုးသတ်ဆေးဖျန်းခြင်းကို
 ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

Share.

About Author

Comments are closed.