

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးတွင်အသုံးပြုရန်အတွက် နှာခေါင်းစည်းများ၊ လက်သန့်ဆေးရေများနှင့် ပိုးသတ်ဆေးကာကွယ်ရေးဝတ်စုံများကို လှူဒါန်းခဲ့သည်။
ရှေးဦးစွာ သာယာကုန်းလမ်းအတွင်းပိုးတွေ့လူနာအိမ်အနီးတာဝန်ထမ်းဆောင်နေသူများနှင့်တွေ့ဆုံပြီးနောက် ပိုးသတ်ဆေးကာကွယ်ရေးတတ်စုံနှစ်စုံကိုပေးအပ်ခဲ့သည်၊ ဆက်လက်၍ ၅၄ လမ်းရှိ အမှတ်၂ ရပ်ကွက်ရုံးနှင့် မာဃလုင်ဗုဒ္ဓဝေယျာဝစ္စဆွမ်းလောင်းအဖွဲ့တို့မှတာဝန်ရှိသူများထံ လက်သန့်ဆေးရည်နှင့်နှာခေါင်းစည်းများလှူဒါန်းခဲ့သည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ နှာခေါင်းစည်းခုရေ ၁၅၀၀၊ လက်သန့်ဆေးရည် ၅၀ ဘူးနှင့် အလှူငွေကျပ်နှစ်သိန်းတို့ကို ဒုတိယမြို့နယ်ဦးစီးမှူး ဦးစိုးထက် ထံလှူဒါန်းခဲ့သည်။
ဆက်လက်၍ မြို့နယ်ပါတီ ဥက္ကဌနှင့် ပါတီဝင်များက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ အမှတ်(၃)ရပ်ကွက်နှင့်အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတာဝန်ရှသူများထံ ပိုးသတ်ဆေးဖြန်းကာကွယ်ရေးဝတ်စုံများ၊ လက်သန့်ဆေးရေနှင့်နှာခေါင်းစည်းများလှူဒါန်းခဲ့သည်။
၃/၉/၂၀၂၀