fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ကိုဗစ်-၁၉ ကာကွယ်ရေးဆေးစစ်ခံပြည်သူများသို့ နှာခေါင်းစည်းများဝေငှပေး

0

ပုဇွန်တောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် မေလ ၂၈ ရက် နံနက် ၇ နာရီ
အချိန်မှစတင်၍ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဇင်နွယ်ဦးနှင့် ဆေးစစ်အဖွဲ့ (၁၁) ဖွဲ့က အမှတ်(၇) ရပ်ကွက်
ဝိုင်အမ်ဘီအေအသင်းရှေ့နှင့်အမှတ် ၉ ရပ်ကွက် ရေကျော်ဈေးရှေ့တို့တွင် ဖောင်ကြီးကျန်းမာရေးစင်တာမှ အထူးတာဝန်
ယာဉ်များဖြင့် ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခဲ့သည်။  ဆေးစစ်ရန်အတွက် လာရောက်သည့် ရပ်ကွက်
ပြည်သူများအတွက် ရပ်မိရပ်ဖ ဦးကောင်းစံနှင့်အတူ ပုဇွန်တောင်မြို့နယ်ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ မြို့နယ်
တာဝန်ခံ ဦးခင်မောင်ထွေး၊ ဒုတိယတာဝန်ခံ ဦးအောင်ကျော်သူနှင့်ပါတီဝင်များကနှာခေါင်းစည်းများကို ဝေငှပေးခဲ့သည် ။

Share.

About Author

Comments are closed.