fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ကာကွယ်နိုင်သည့်စွမ်းအား မရှိခြင်းကြောင့် ICJ တွင်တရားစွဲဆိုခံရသော ကိစ္စရပ်မျိုး ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းပြောကြား

0

(Zawgyi)

ပင္လည္ဘူး ဒီဇင္ဘာ ၁၆

ယနေ့မြန်မာနိုင်ငံတွင် စည်းလုံးညီညွတ်မှုမရှိသည့်အတွက် အခြားနိုင်ငံများက အထင်သေးခြင်း စော်ကားခြင်းကို ခံနေရကြောင်း၊ စည်းလုံးညီညွတ်မှုမရှိဘဲ အချင်းချင်းအပြစ်ပြောနေခြင်း၊ သွေးခွဲနေခြင်း၊ အချင်းချင်း တိုက်ခိုက်နေခြင်းကြောင့် နိုင်ငံ၏ံတည်ငြိမ်မှုထိခိုက်ရပါကြောင်း၊ တည်ငြိမ်မှုမရှိသည့်အတွက် စီးပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်း၊ စီးပွားရေးစွမ်းအား မကောင်းသည့်အတွက် ကာကွယ်ရေးစွမ်းအား ကောင်းအောင် မတည်ဆောက်နိုင်သေးကြောင်း၊ ကာကွယ်ရေးစွမ်းအားဟုဆိုရာတွင် လက်နက်ကိုင်ကာကွယ်နေခြင်းသည်သာလျှင် ကာကွယ်ရေးစွမ်းအားမဟုတ်ပါကြောင်း၊ နိုင်ငံကိုကာကွယ်ရာတွင် စည်းလုံးညီညွတ်မှုအားဖြင့် ကာကွယ်နိုင်ပါကြောင်း၊ လူငယ်များ၏အားဖြင့် ကာကွယ်နိုင်ပါကြောင်း၊ စီးပွာရေးအားဖြင့်ကာကွယ်နိုင်ပါကြောင်း၊ လူမှုရေးအားဖြင့် ကာကွယ်နိုင်ပါကြောင်း၊ ပညာရေးအားဖြင့် ကာကွယ်နိုင်ပါကြောင်း၊ သံတမန်ရေးအားဖြင့်ကာကွယ်နိုင်ပါကြောင်း၊ အစရှိသော ကာကွယ်ရေးစွမ်းအားများ မရှိသည့်အတွက် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် တရားစွဲဆိုခံရသည့် အဖြစ်မျိုးနှင့် ကြုံရခြင်း ဖြစ်ပါကြောင်း ပင်လည်ဘူးမြို့နယ်နှင့် ဝန်းသိုမြို့နယ်ရှိ မြို့မိမြို့ဖများ၊ ပါတီဝင်များနှင့်တွေ့ဆုံစဉ် သူရဦးရွှေမန်းက ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာတရားရုံးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ဖြေရှင်းရသည့် အကြောင်းရင်းကိစ္စရပ်များ၊ ICJ ICC OIC ဆိုသည့်အဖွဲ့အစည်းများသည် မည်ကဲ့သို့သော အဖွဲ့အစည်းများ ဖြစ်ကြပြီး မည်သို့မည်ပုံ ပတပတ်သက်နေသည်ကို ရှင်းလင်းလင်းသိရှိနိုင်ရန်အတွက် ပါတီခေါင်းဆောင်အနေဖြင့် ရှင်းလင်းဖြေကြားပေးစေလိုကြောင်း ပင်လည်ဘူးမြို့နယ်မှပါတီဝင်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားရာတွင် သူရဦးရွှေမန်းက ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် ပင်လည်ဘူးမြို့နယ်နှင့် ဝန်းသိုမြို့နယ်ရှိ မြို့မိမြို့ဖများ၊ ပါတီဝင်များအား သီးခြားစီတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ မြို့မိမြို့ဖများ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးစောလှထွန်း၊ မြို့နယ်တာဝန်ခံများ၊ မြို့နယ်ယာယီပါတီစည်ရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များနှင့် ပါတီကို စိတ်ဝင်စားသူများ တက်ရောက်ကြသည်။

               

Share.

About Author

Comments are closed.