fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ကန့်ဘလူမြို့သို့လာရာတွင် ကြမ်းသည်ဆိုသည့် လမ်းကိုရွေးချယ်လာသည်ဟု သူရဦးရွှေမန်းပြောကြား

0

ကန့်ဘလူ ဒီဇင်ဘာ ၁၇

(Unicode)

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့မှ ကန့်ဘလူမြို့သို့ လာရာတွင် လမ်းသာသည့်လမ်းနှင့် ကြမ်းသည့်လမ်း နှစ်ခုတွင် လမ်းသာသည့်ဘက်မှ သွားရန် ဒေသခံများက တိုက်တွန်းအကြံပြုသော်လည်း မည်မျှအထိလမ်း ဆိုးရွားနေသည်ကို တွေ့မြင်လို၍ ကြမ်းသည့်လမ်းကို ရွေးချယ်လာရောက်ခြင်းဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ပါတီယာယီစည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံစဉ်ပြောကြားသည်။

စစ်ကိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့လာခြင်းမှာ ဒေသအခြေအနေနှင့် ပြည်သူများ၏ ပကတိ အခြေအနေကို သိရှိလေ့လာလို၍ ဖြစ်ပါကြောင်း၊ အများသွားလာမှုနည်းသည့် လမ်းကြမ်းကို ရွေးချယ်လာရောက်ခြင်းမှာ လမ်းအခြေအနေကိုသိရှိပြီးခရီးသွားပြည်သူများအတွက် မည်သို့ခက်ခဲသည်ကို လေ့လာနိုင်ရန် ဖြစ်ပါကြောင်း၊ သို့မှသာ အခြေအနေပေးသည်နှင့် မည်သို့ဆောင်ရွက်ရမည်ကို သိရှိစီမံပြင်ဆင်ထားနိုင်မည်ဖြစ်ပါကြောင်းဖြင့် ဆက်လက်၍ ရှင်းလင်း ပြောကြားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် ကျွန်းလှမြို့နယ်နှင့် ကန့်ဘလူမြို့နယ်ရှိ ယာယီစည်းရုံးရေးကော်တီဝင်များနှင့် သီးခြားစီတွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်။

ဆက်လက်၍ ယနေ့မိမိတို့လာရောက်ရာတွင် ပါတီတာဝန်ခံများနှင့်သာ မြို့နယ်ပါတီရုံးအတွင်း တွေ့ဆုံသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အခြားသောဌာနအဖွဲ့အစည်းများက လာရောက်သတင်းရယူနေကြသည်ကို တွေ့ကြရပါကြောင်း၊ အပြင်ဘက်လမ်းပေါ်မှ သတင်းရယူနေကြခြင်အစား အစည်းအဝေးခန်းမအတွင်းသို့လာရောက်ထိုင်နားထောင်ရယူရန်ပြောမည်ပြုပြီးမှ ထိုင်ခုံမ​လောက်ငှသဖြင့် ယခုအတိုင်းသာထားလိုက်ပါကြောင်း၊ မိမိတို့သတင်းကို အချို့ဌာနအဖွဲ့အစည်းများက ရယူလိုကြပါကြောင်း၊ မိမိတို့၏ စွမ်းဆောင်ရည်ကို စိုးရိမ်၍ဖြစ်မည်ထင်ပါကြောင်း၊ မိမိတို့ပါတီအနေဖြင့် သူများကိုအပြစ်မပြောဘဲ ကိုယ်အပြစ်မဖြစ်အောင်နေကြရန်၊ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး၊ ဒေသအကျိုးဆောင်ရွက်ရာတွင် စိတ်ရှည်သည်းခံကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် ကျွန်းလှမြို့နယ်နှင့် ကန့်ဘလူမြို့နယ်ရှိ ယာယီစည်းရုံးရေးတာဝန်ခံများအား သီးခြားစီတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးစောလှထွန်း၊ မြို့နယ်ပါတီစည်းရုံးရေးတာဝန်ခံများ၊ မြို့နယ်ပါတီစည်ရုံးရေးကော်မတီဝင်များ တက်ရောက်ကြသည်။

(Zawgyi)

ကန႔္ဘလူ ဒီဇင္ဘာ ၁၇

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၏ေခါင္းေဆာင္ သူရဦးေ႐ႊမန္းသည္ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၁၇ ရက္ေန႕ နံနက္ပိုင္းတြင္ စစ္ကိုင္းတိုင္းေဒသႀကီး ေကာလင္းၿမိဳ႕မွ ကန႔္ဘလူၿမိဳ႕သို႔ လာရာတြင္ လမ္းသာသည့္လမ္းႏွင့္ ၾကမ္းသည့္လမ္း ႏွစ္ခုတြင္ လမ္းသာသည့္ဘက္မွ သြားရန္ ေဒသခံမ်ားက တိုက္တြန္းအႀကံျပဳေသာ္လည္း မည္မွ်အထိလမ္း ဆိုး႐ြားေနသည္ကို ေတြ႕ျမင္လို၍ ၾကမ္းသည့္လမ္းကို ေ႐ြးခ်ယ္လာေရာက္ျခင္းျဖစ္ေျကာင္း ကန႔္ဘလူၿမိဳ႕နယ္ ပါတီယာယီစည္း႐ုံးေရးေကာ္မတီဝင္မ်ားႏွင့္ ေတြ႕ဆုံစဥ္ေျပာၾကားသည္။

စစ္ကိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္မ်ားသို့့လာျခင္းမွာ ေဒသအေျခအေနႏွင့္ ျပည္သူမ်ား၏ ပကတိ အေျခအေနကို သိရွိေလ့လာလို၍ ျဖစ္ပါေၾကာင္း၊ အမ်ားသြားလာမွုနည္းသည့္ လမ္းၾကမ္းကို ေ႐ြးခ်ယ္လာေရာက္ျခင္းမွာ လမ္းအေျခအေနကိုသိရိွျပီးခရီးသြားျပည္သူမ်ားအတြက္ မည္သို႔ခက္ခဲသည္ကို ေလ့လာနိုင္ရန္ ျဖစ္ပါေၾကာင္း၊ သို႔မွသာ အေျခအေနေပးသည္ႏွင့္ မည္သို႔ေဆာင္႐ြက္ရမည္ကို သိရွိစီမံျပင္ဆင္ထားနိုင္မည္ျဖစ္ပါေၾကာင္းျဖင့္ ဆက္လက္၍ ရွင္းလင္း ေျပာၾကားသည္။

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီေခါင္းေဆာင္ သူရဦးေ႐ႊမန္းသည္ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၁၇ ရက္ေန႕၊ နံနက္ပိုင္းတြင္ ကြၽန္းလွၿမိဳ႕နယ္ႏွင့္ ကန႔္ဘလူၿမိဳ႕နယ္ရွိ ယာယီစည္း႐ုံးေရးေကာ္တီဝင္မ်ားႏွင့္ သီးျခားစီေတြ႕ဆုံစဥ္ ေျပာၾကားျခင္းျဖစ္သည္။

ဆက္လက္၍ ယေန႕မိမိတို႔လာေရာက္ရာတြင္ ပါတီတာဝန္ခံမ်ားႏွင့္သာ ၿမိဳ႕နယ္ပါတီ႐ုံးအတြင္း ေတြ႕ဆုံေသာ္လည္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ အျခားေသာဌာနအဖြဲ့အစည္းမ်ားက လာေရာက္သတင္းရယူေနၾကသည္ကို ေတြ႕ၾကရပါေၾကာင္း၊ အျပင္ဘက္လမ္းေပၚမွ သတင္းရယူေနၾကျခင္အစား အစည္းအေဝးခန္းမအတြင္းသို့လာေရာက္ထိုင္နားေထာင္ရယူရန္ေျပာမည္ျပုျပီးမွ ထိုင္ခုံမ​ေလာက္ငွသျဖင့္ ယခုအတိုင္းသာထားလိုက္ပါေၾကာင္း၊ မိမိတို႔သတင္းကို အခ်ိဳ႕ဌာနအဖြဲ့အစည္းမ်ားက ရယူလိုၾကပါေၾကာင္း၊ မိမိတို႔၏ စြမ္းေဆာင္ရည္ကို စိုးရိမ္္၍ျဖစ္မည္ထင္ပါေၾကာင္း၊ မိမိတို႔ပါတီအေနျဖင့္ သူမ်ားကိုအျပစ္မေျပာဘဲ ကိုယ္အျပစ္မျဖစ္ေအာင္ေနျကရန္၊ နိုင္ငံ့အက်ိဳး၊ ျပည္သူ႕အက်ိဳး၊ ေဒသအက်ိဳးေဆာင္ရြက္ရာတြင္ စိတ္ရွည္သည္းခံၾကရန္ မွာၾကားလိုပါေၾကာင္း ေျပာၾကားသည္။

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီေခါင္းေဆာင္ သူရဦးေ႐ႊမန္းသည္ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၁၆ ရက္ေန႕၊ နံနက္ပိုင္းႏွင့္ ေန႕လယ္ပိုင္းတို႔တြင္ ကြၽန္းလွၿမိဳ႕နယ္ႏွင့္ ကန႔္ဘလူၿမိဳ႕နယ္ရွိ ယာယီီစည္း႐ုံးေရးတာဝန္ခံမ်ားအား သီးျခားစီေတြ႕ဆုံသည္။ အဆိုပါေတြ႕ဆုံပြဲသို႔ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၊ စစ္ကိုင္းတိုင္းေဒသႀကီးတာဝန္ခံ ဦးေစာလွထြန္း၊ ၿမိဳ႕နယ္ပါတီစည္း႐ုံးေရးတာဝန္ခံမ်ား၊ ၿမိဳ႕နယ္ပါတီစည္႐ုံးေရးေကာ္မတီဝင္မ်ား တက္ေရာက္ၾကသည္။

               

Share.

About Author

Comments are closed.