ဧပြီ ၂၂
တန့်ဆည်မြို့နယ် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် ကမ္ဘာ့ကပ်ရောဂါ Covid – 19 ရောဂါကာကွယ်နိုင်ရန် Face Mask ၅၀ ခုပါ ၂ ဘူး(၁၀၀ ခု)၊ ဂေါ်ဇီလာ လက်ဆေးဆပ်ပြာ ၂ ဘူး၊ စိန်းနန်းကျေးရွာအုပ်စု ပါတီကော်မတီနှင့် ပါတီဝင်များ၏ လှူဒါန်းငွေ ၅၀၀၀၀ ကျပ်တို့ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့၊ ၁၂ နာရီအချိန်တွင် မြို့နယ်ပါတီ အတွင်းရေးမှူး ဦးမိုးသူနှင့် မြို့နယ်ပါတီကော်မတီဝင်(စိန်းနန်းကျေးရွာအုပ်စုပါတီဥက္ကဋ္ဌ) ဦးကျော်ရွှေ တို့က တန့်ဆည်မြို့နယ်၊ ကဒိတ်ရွာ ကျေးလက်ကျန်းမာရေးဌာနခွဲသို့ သွားရောက်၍ ပေးအပ်လှူဒါန်းပါသည်။
